တရားဟောခွင့်ပိတ်ခံရပြီးနောက် ဧရာဝတီတိုင်းတွင် ဦးဝီရသူတရားဟောခွင့်ရရှိ
မအူပင်၊ ဧပြီ ၉ ရက်။
ဧရာဝတီတိုင်းဒေသကြီးတွင် တရားဟောခွင့် ၁ နှစ်ပိတ်ခံရပြီး နောက်ပိုင်းတွင်မန္တလေးမစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ္တ၀ိစိတ္တာ ဘိဝံသ( ဦးဝီရသူ )၏ပထဆုံးတရားပွဲကိုဧပြီလ အတွင်းကျင်း
ခွင့်ပြုမိန့်ပေးခဲ့ကြောင်းဧရာဝတီတိုင်းအစိုးရအဖွဲ့မှသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လက်ကျားကြီးကျေးရွာ အုပ်စု ဖိုးကံဘေးရွာပြည်တော်ကြီး ကျောင်းတိုက်တွင် မန္တလေး မစိုးရိမ် တိုက်သစ်မှ ဘဒ္ဒန္တ္တ၀ိစိတ္တာဘိဝံသ( ဦးဝီရသူ ) ၏တရားပွဲပြုလုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ လာခြင်းအား နိင်ငံတော်သံဃာမဟာနယကအဖွဲ့လမ်းညွန်ချက်နှင့် ညီရင် ခွင့်ပြုရမည့်တာဝန်ရှိသည့်အတွက် အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း သာသနာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ထံမှသိရှိရသည်။
မန္တလေး မစိုးရိမ် တိုက်သစ်မှ ဘဒ္ဒန္တ္တ၀ိစိတ္တာဘိဝံသ ( ဦးဝီရသူ )သည် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ မှစတင်၍ တရားဟောပြောခွင့်ပိတ်ခံခဲ့ရပြီ ၂၀၁၈ ခုနှစ် မတ်လ ၂၉ ရက် နေ့ တွင်ပြည့်ပြီဖြစ်၍ ပထမဆုံးတရားပွဲကို မအူပင်မြို့၊ လက်ကျားကြီး ကျေးရွာအုပ်စု ဖိုးကံဘေးရွာပြည်တော်ကြီး ကျောင်းတိုက်တွင် တရားပွဲပြုလုပ်သွားမှာဖြစ်သည်။ တရားဟောကြားရာတွင် တရားနှင့်မဆိုင်သော အခြားလူမျိုးရေး ဘာသာရေး နှင့် အခြင်းခြင်းအမုန်းစကားများပါဝင်လာပါက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် စီမံအရေးယူမူပြုလုပ်မည် မဟုတ်ဘဲ နိင်ငံတော်သံဃမဟာနယက အဖွဲ့ထံသို့တင်ပြအရေး
ယူစေမည်ဟုသိရှိရသည်။
“သံဃာမဟာနယကအဖွဲ့ရဲ့ညွန်ကြားချက်အတိုင်းမလိုက်နာပဲနဲ့ဆန့်ကျင်ပီးဟောကြားကြောင်းဒေသခံတွေကတိုင်ကြားလာရင်တော့ဒါလဲတိုင်းအစိုးရအဖွဲ့က စီမံခန့်ခွဲ့ခွင့်မရှိပါဘူးသံဃာကိစ္စ ဖြစ်နေတဲ့အတွက်သံဃာမဟာနာယကကပဲ ညွန်ကြားချက်နဲ့ မကိုက်ညီတဲ့အတွက်ဆိုပီးတစ်စုံတစ်ရာစီမံခန့်ခွဲမူတွေ ပြုလုပ်မှာဖြစ်ပါတယ်" ဟု ဧရာဝတီတိုင်းသာသနာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးကျေိာမြင့်ကပြောသည်။
တရားဟောပြောခွင့်ပိတ်ထားစဉ်ကာလအတွင်း မန္တလေး မစိုးရိမ် တိုက်သစ်မှ ဘဒ္ဒန္တ္တ၀ိစိတ္တာဘိဝံသ( ဦးဝီရသူ ) သည် ဧရာဝတီတိုင်းဒေသကြီး၌ တရားပွဲ ၅ ကြိမ် စီစဉ်ခဲ့ရာ ဖျာပုံမြို့ နှင့် ပုသိမ်မြို့ တို့တွင် ဒေသခံနှင့် အစိုးရအဖွဲ့လက်မခံ၍ တရား ဟောပြောခြင်းမရှိခဲ့ကြောင်း၊ ငပုတောမြို့နယ်ရှိ သမ္မတဟောင်း ဦးသိန်းစိန်၏ ဒေသ ကျုံကူးရွာ နှင့် မအူပင် မြို့နယ် တာတပေါ ရွာတို့တွင် တာဝန်ရှိသူများ တားမြစ်နေသော်လည်း တရားဟောပြောခြင်းကိုလည်းကောင်း၊ အိမ်မဲမြို့နယ် သီးကွင်းရွာတွင် ပါးစပ် ပလာစတာ ပိတ်ထားကာ တရားခွေ ဖွင့် သည့် တရားပွဲကိုပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ သိရှိရသည်။
တန်ခူး(တိုင်းဧရာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment