ရွှေလင်ပန်းစက်မှုဇုန်တွင် လက်စွပ်ဘူးထုတ်လုပ်သောစက်ရုံ
မီးလောင်မှုဖြစ်
ရန်ကုန် ဧပြီ ၇
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ပိတောက်လမ်းရှိ အမှတ် ၄၈၉ Jewel part လက်စွပ်ဘူးထုတ်လုပ်သော စက်ရုံ ၌ ဧပြီ ၇ ရက် ညနေ ၄ နာရီခွဲက မီးလောင် မှု ဖြစ်ပွားခဲ့ရာူနလနူ ၃ အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
စက်ရုံအတွင်းလှိုက်၍ လောင်နေ သော မီးအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁ဝ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ မြန်မာဟောက်ရမ်း အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ညနေ ၄ နာရီခွဲ အလုပ်ပြန်ချိန်မှာ မီး စလောင်တာပဲ၊ စက်ရုံ နှစ်ရုံလုံး အလုပ် သမားမရှိချိန်မှာလောင်လို့ တော်သေး တယ်၊ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ပြီး ၁ဝ မိနစ်အတွင်း ရောက်လာတယ်၊ မီးက ဘယ်လိုပုံစံနဲ့ စလောင်တယ်ဆိုတာ မသိ ဘူး''ဟု မြန်မာဟောက်ရမ်း အထည်ချုပ် စက်ရုံ လုံခြုံရေးမှူးက ပြောသည်။
စက်ရုံမှာ မီးအရှိန်ပြင်းသောကြောင့် ကပ်လျက်ရှိသော ဂျာကင်စက်ရုံသို့ မီးကူးစက်မှုမရှိစေရန် မီးသတ်တပ်ဖွဲ့ဝင် များ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
စက်ရုံအတွင်း လောင်စာများရှိနေ ခြင်း၊ မီးသတ်ယာဉ် ဝင်ရောက်ရာတွင် လာရောက် ကြည့်ရှုသူများကြောင့် မီးသတ်ယာဉ်များသွားလာရန် အခက် အခဲဖြစ်ခြင်း၊ လေတိုက်ခြင်းတို့ကြောင့် မီးလောင်မှုအချိန်ကြာခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီ ၄၄ မိနစ်တွင် Leyel 2 မှ ညနေ ၆ နာရီ ၅၂ မိနစ်တွင်Level 3အဆင့် ဖြင့် ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကာ ည ၇ နာရီ တွင် မီးထိန်းနိုင်ခဲ့၍ မီးလောင်ရခြင်း အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ကနဦး သတင်းအရ သိရသည်။
သန်းထိုက်(လှိုင်သာယာ)ဓာတ်ပုံ-သန်းစိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment