Latest News

Saturday, April 7, 2018

သင်္ကြန်ကာလ အရေးပေါ်ဆေးဝါးကုသရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးနှင့် စက်ပစ္စည်းစုံ စုဆောင်းထားပြီးဖြစ်

သင်္ကြန်ကာလ အရေးပေါ်ဆေးဝါးကုသရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးနှင့် စက်ပစ္စည်းစုံ စုဆောင်းထားပြီးဖြစ်

ရန်ကုန် ဧပြီ ၇

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း  အရေးပေါ်  ဆေးဝါး ကုသမှုခံယူရန် လိုအပ်သူများအတွက် ဆေးဝါးနှင့် စက်ပစ္စည်း ကိရိယာအစုံကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စုဆောင်းထား ရှိပြီးဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာခင်သိဂ င်္ီမြင့်ထံမှ သိရ သည်။

''သင်္ကြန်အတွက်ကတော့  မတ်လအလယ်ကတည်းက  လိုအပ်တဲ့ ဆေးဝါး၊ စက်ပစ္စည်းကိရိယာအစုံကို အရေးပေါ် ဌာနမှာရှိတဲ့ ဆရာဝန်ကြီးတွေနဲ့ သူနာပြုဆရာမတွေက တွက် ချက်ပြီး လိုလေသေးမရှိအောင် စုဆောင်းနေတာ ပြီးသွား ပါပြီ''ဟု ဆေးရုံအုပ်က ပြောကြားသည်။

ပုံမှန်အားဖြင့်  အရေးပေါ်ကုသမှုဌာနတွင်   ဆရာဝန်၊ သူနာပြုနှင့် နည်းပညာဆိုင်ရာ ပညာရှင်များအပြင် အခြား အဆင့်ဝန်ထမ်း စုစုပေါင်း ၈ဝ ခန့် နေ့စဉ် တာဝန်ထမ်းဆောင် နေသော်လည်း မဟာသင်္ကြန်ကာလတွင် ဝန်ထမ်းအင်အား စုစုပေါင်း ၁ဝဝ မှ ၁၅ဝ အထိ နေ့အလိုက် တာဝန်ချထားပေး မည်ဖြစ်ပြီး   အကြိုညှိနှိုင်းအစည်းအဝေးများ  ပြုလုပ်ကာ တာဝန်ခွဲဝေချထားရန်ကိစ္စများကိုလည်း  ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီး  အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိ လာပြီး အခြားဌာနများသို့ ဆက်လက်ပို့ဆောင်ရန် လိုအပ်မည့် လူနာများအတွက် အရေးပေါ် လူနာတင်ယာဉ်များအပြင် လျှပ်စစ်မီး၊ ရေနှင့် လျှော်ဖွပ်ရေးဌာန၊ လုံခြုံရေး အစရှိသော ဌာနအလိုက် တာဝန်ချထားမှုများကိုလည်း ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ထိခိုက်ဒဏ်ရာ  ယာဉ်တိုက်မှုကြောင့်  ရောက်ရှိလာသော လူနာအရေအတွက်မှာ ၃၃၅ ဦးရှိပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသော လူနာအရေအတွက်မှာ ၁၂၇ ဦးရှိကာ အခြား ထိခိုက်ဒဏ်ရာရသူများ အပါအဝင် စုစုပေါင်း လူနာ ၈၉၁ ဦး ဆေးဝါးကုသမှုခံယူခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဌာနသို့ နေ့စဉ် လာရောက်ပြသသူဦးရေမှာ ၄ဝဝ နှင့် ၅ဝဝ ကြားတွင် ရှိပြီး အဆိုပါလူနာများထဲတွင် အရေးပေါ် အသက်ကယ်လူနာများ၊ ခွဲစိတ်လူနာများကဲ့သို့ ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သောလူနာများမှာ ၂ဝဝ နီးပါးခန့် ပါဝင်လေ့ရှိကြောင်း သိရသည်။

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment