လှိုင်သာယာမြို့နယ်၌ လောင်းကစားပြုလုပ်နေသည့်
နိုင်ငံခြားသားလေးဦး ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်ရှိ ဇာထိုးပန်းထိုးစက်ရုံ အတွင်း ဧပြီ ၆ ရက် ညနေ ၆ နာရီ မိနစ် ၅ဝ က ဝင်ရောက်စစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးစဉ် အဆိုပါရပ်ကွက် နေ တရုတ်နိုင်ငံသား Lin Min Thang (၆၄ နှစ်)ပါ တရုတ်နိုင်ငံသား သုံးဦးနှင့် ဗီယက်နမ်နိုင်ငံသူ Ngyuan Thi Hang (၄၅ နှစ်)တို့သည် မာကျောက် လောင်းကစား ပြုလုပ်နေပြီး လောင်းကြေး ငွေကျပ် ၄ဝ၂ဝဝဝ ၊ လောင်းကစား ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် Lin Min Thang ပါ လေးဦးတို့အား လှိုင်သာယာမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုရဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment