Latest News

Wednesday, April 25, 2018

ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်ခဲ့မှုများ အား အမေရိကန် အရာရှိများ အသေးစိတ် စုံစမ်းလျက်ရှိ

ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်ခဲ့မှုများ အား အမေရိကန် အရာရှိများ အသေးစိတ် စုံစမ်းလျက်ရှိ

ပိုတို - သတင်းမီဒီယာများသတင်းရယူ​နေပုံ/ပြန်​-ဆက်

ရခိုင်ရှိ မူဆလင် များ အပေါ် စွပ်စွဲထားသော အကြမ်းဖက်ခဲ့မှုများ အား အမေရိကန် အစိုးရမှ အထူး လုံ့လ ထုတ်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး တွေ့ရှိချက်များ ကို မူတည်ပြီး မြန်မာ စစ်တပ်အပေါ် လိုအပ်သလို အရေးယူရန် ဖြစ်တယ်လို့ အမေရိကန် အရာရှိများက ရိုက်တာ သတင်းဌာန ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

အဆိုပါ စုံစမ်း စစ်ဆေးမှုကြီးအား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ စုစုပေါင်း ၂၀ ကျော်မှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများ အတွင်း ကွင်းဆင်းကာ ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ထဲတွင်  ၂၀၀၄ ခုနှစ်အတွင်း ဆူဒန် ရှိ ဒါဖား ဒေသအတွင်း စုံစမ်းခဲ့သူ မှုခင်း ဆိုင်ရာ ဆေးပညာရှင်များ လည်း ပါဝင်ခဲ့ပါတယ်။ ထို့အပြင် နိုင်ငံတကာ တရားရေး နှင့် ဥပဒေရေးရာ နှုံစပ် ကျွမ်းကျင်သူများ လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ ကျွမ်းကျင်သူများက ယခင် ရ၀မ်ဒါ နှင့် ယူဂိုဆလာဗီယား အတွက် နိုင်ငံတကာ ခုံရုံး ဖွဲ့စည်း ဖြစ်ပေါ်လာရေး တွင် အဓိက အခန်းက ပါဝင်ခဲ့ကြသူများ လည်း ဖြစ်ပါတယ်။

မတ်လ မှ ဧပြီလ အတွင်း တွေ့ဆုံ မေးမြန်းမှု အကြိမ်ပေါင်း ၁၀၂၅ ခုခန့်  ပြုလုပ်ခဲ့ပြီး အသေးစိတ် မေးမြန်း စုံစမ်း မှတ်တမ်းတင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ မှတ်တမ်းများကို ယခုအခါ ၀ါရှင်တန် တွင် အသေးစိတ် သုသေသန လုပ်နေပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ မေလ သို့မဟုတ် ဇွန်လ အစောပိုင်း နောက်ဆုံးထားပြီး အစီရင်ခံစာ တင်သွင်းမှာ လည်း ဖြစ်ပါတယ်။

မေးမြန်တဲ့ မေးခွန်းတွေ မှာ မြန်မာနိုင်ငံ မှ စတင် ထွက်ခွာလာသည့်ရက်၊ တွေ့ကြုံခဲ့ရမှုများ နှင့် မြန်မာ စစ်တပ် အသုံးပြုသော လက်နက် အမျိုးအစား ကအစ အသေးစိတ် မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ထို့အတွက် ကျုးလွန်ခဲ့သူ များ၏ အမည်များ နှင့် တပ်ရင်း အမည်များပါ အသေးစိတ် သိရှိသွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အင်တာဗျုး တခုစီ အတွက် ကျူးလွန်တဲ့ ရာဇ၀တ်မှု အမျိုးအစား ပါဝင်သူ အရပ်ဖက် စစ်ဖက် မှ အမည်များ အလိုက် Key words များ သတ်မှတ်ပြီး စနစ်တကျ ပြုစုထားတဲ့ အတွက် ကျုးလွန်သူ များ နဲ့ ကျုးလွန်ပုံ များ ရုပ်လုံး ပေါ်လာခဲ့ရတယ်လို့ ပါဝင်သူ အရာရှိတဦး က ပြောပြခဲ့ပါတယ်။

လက်ရှိ အခိုင်မာဆုံး သက်သေ အထောက်အထား အဖြစ် တင်ပြနိုင်ခဲ့တာကတော့ ရိုက်တာ သတင်းဌာနရဲ့ အင်းဒင်ရွာ လူသတ်မှု ကြီး ပဲ ရှိနေပါတယ်။

အဆိုပါ စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို ထရန့် အစိုးရမှ အသုံးပြုပြီး စီးပွားရေး ဒဏ်ခတ်မှု အသစ်များ သို့မဟုတ် တရားစွဲဆိုနိုင်ရန် အသုံးချမည်လား ဆိုတာတော့ မသဲကွဲသေးပါဖူး။

ယခုအခါ ထရန့် အစိုးရ နှင့် အမေရိကန် ကွန်ဂရက်အကြား မြန်မာနိုင်ငံ နှင့် ပါတ်သက်၍ မည်သို့ အရေးယူမည်အပေါ် အပြန်အလှန် ပြောဆိုမှု တွေ ရှိနေပါတယ်။ ယင်း ကိစ္စနဲ့ ပါတ်သက်ပြီး မည်သည့် ဆုံးဖြတ်ချက်မှ လောလောဆယ် မချမှတ်ရသေးဟု ထရန် အစိုးရရဲ့ အထက်တန်း အရာရှိတဦး က ပြောပါတယ်။ လောလောဆယ်တော့ “ လူသားများ အပေါ် ကျုးလွန်သာ ရာဇ၀တ်မှု” သို့မဟုတ် “လူမျိုးတုန်း သတ်ဖြတ်မှုကြီး” ဟု ခေါင်းစဉ်တပ်ရန် အမေရိကန် အစိုးရ က ငြင်းဆန်လျက် ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ လည်း ၎င်းတို့ နာမည်ရ ခဲ့တဲ့ နိုင်ငံ အတွင်း ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး များ ဖေါ် ဆောင်နေမှု အန္တရာယ် ကျရောက်နိုင်မှု နှင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေး ပျက်ပြားသွားမယ့် အရေး အတွက် စိတ်ပါလက်ပါ သိတ်မရှိလှတာ တွေ့ရပါတယ်။

ဖြစ်နိုင်ခြေ အရှိဆုံး အရေးယူ ဆောင်ရွက်မှုကတော့ အဆိုပါ သက်သေ အထောက်အထား စာရွက်စာတမ်း များအား ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ လွှဲပြောင်းပေးအပ်ပြီး မဲခွဲ ဆုံး ဖြတ်စေကာ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှု အဖွဲ့တခု ထူထောင်ပြီး အရေးယူဆောင်ရွက်နိုင်ရေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပါတ် က ဆီရီယား တွင် ဓါတုလက်နက်များ အသုံးချခဲ့မှုနဲ့ ပါတ်သက်ပြီး အမေရိကန် နဲ့ ၎င်း၏ မဟာမိတ်များက လုံခြုံရေး ကောင်စီရှိ ရုရှား ဗီတို အာဏာ ကို ကျော်လွှားပြီး အရေးယူပေးရန် ကုလ အထွေထွေ ညီလာခံ သို့ လွှဲပြောင်း တင်ပြနိုင်ရန် ကြံစည်နေပြီ လည်း ဖြစ်ပါတယ်။

လောလောဆယ်တွင် တော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ အထူး သံတမန် အဖြစ် ခန့်အပ်ရန်  ဂျာမဏီ နိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး ခရစ်စတင်း ရှရန်နာ ဘာဂီနာ (Christine Schraner Burgener) ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ထိုကဲ့သို့ ခန်အပ်ရန် ကုလ အထွေထွေ ညီလာခံ က ဒီဇင်ဘာလအတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment