Latest News

Wednesday, April 18, 2018

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁ဝ၂ ဦး လွတ်ငြိမ်းသက်သာခွင့်ပေး

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁ဝ၂ ဦး လွတ်ငြိမ်းသက်သာခွင့်ပေး


ကော့သောင်း ဧပြီ ၁၇

နိုင်ငံတော်သမ္မတ၏     ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ဖြင့်  မြန်မာ နှစ်သစ်ကူးအခါသမယ   အထိမ်း အမှတ်အဖြစ် လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန် နှင့် လူသားချင်း စာနာထောက်ထား မှုကို    အလေးထားသောအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာ ခွင့်ဖြင့် ယနေ့ညနေပိုင်းက တနင်္သာရီ တိုင်းဒေသကြီး    ကော့သောင်း အကျဉ်းထောင်မှ   အကျဉ်းသား အကျဉ်းသူ  စုစုပေါင်း ၁ဝ၂ ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ရ  အကျဉ်း သား        အကျဉ်းသူများအား ကော့သောင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊  ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းထောင်တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြပြီး ထောင်လွတ်လက်မှတ်နှင့် ခရီးစရိတ် ငွေများ ပေးအပ်ခဲ့ကြသည်။ လွတ်ငြိမ်း သက်သာခွင့်ရ ကော့သောင်း အကျဉ်း ထောင်မှ အကျဉ်းသား အကျဉ်းသူများ အနက် အမျိုးသား ၇၈ ဦး၊ အမျိုးသမီး ၂၄ ဦးဖြစ်ပြီး   မြိတ်မြို့မှ ၁၂ ဦး၊  ဘုတ်ပြင်းမြို့မှ ၃ဝ၊ ကော့သောင်းမြို့မှ ၅၈ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး အပါ အဝင် စုစုပေါင်း ၁ဝ၂ ဦးဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ  အကျဉ်း ထောင်အသီးသီးမှ     နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ငြိမ်းသက်သာ   ခွင့်ပြုသူများ အနက် ကော့သောင်းအကျဉ်းထောင် မှ ၁ဝ၂ ဦး ပါဝင်ခြင်းဖြစ်သည်။

ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment