Latest News

Wednesday, April 18, 2018

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၈၇ ဦး လွတ်မြောက်

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၈၇ ဦး လွတ်မြောက်

စစ်တွေ  ဧပြီ ၁၇

နိုင်ငံတော်သမ္မတ၏     ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်  အမိန့်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ရာ တွင်   စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၈၇ ဦးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် လွှတ်ပေး လိုက်ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်း စေရေးနှင့်     လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း   အကျဉ်း ထောင်/စခန်းအသီးသီးတွင် အကျဉ်း ကျခံနေကြရသော     နိုင်ငံသား အကျဉ်းသား အကျဉ်းသူများအား နိုင်ငံတော်သမ္မတက    ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်   ပေးလိုက် သည်။

ထို့သို့   လွတ်ငြိမ်းသက်သာခွင့်ပေး ရာတွင်  စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၈၁ ဦး၊ အကျဉ်းသူ ခြောက်ဦး၊  ဘူးသီးတောင်အကျဉ်း ထောင်မှ အကျဉ်းသား ၅၁ ဦး၊ အကျဉ်းသူ ခုနစ်ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး၊ အကျဉ်းသူ နှစ်ဦးနှင့် သံတွဲ အကျဉ်းထောင်များမှ အကျဉ်းသား ၂ဝ     ရခိုင်ပြည်နယ်အတွင်းရှိ  အကျဉ်းထောင်များမှ အကျဉ်းသား အကျဉ်းသူ   စုစုပေါင်း ၂ဝ၃ ဦး  လွတ်မြောက်ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်လာသူများ အား မိသားစုဝင်များ၊ သူငယ်ချင်း မိတ်ဆွေများက    ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment