Latest News

Wednesday, April 18, 2018

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မန္တလေးအကျဉ်းထောင်များမှ အကျဉ်းသား အကျဉ်းသူများ လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့်
မန္တလေးအကျဉ်းထောင်များမှ အကျဉ်းသား အကျဉ်းသူများ လွတ်မြောက်

မန္တလေး ဧပြီ ၁၇

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန်ဖြင့် အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား အကျဉ်းသူ ၈၄၉ဝ ကို ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး အိုးဘို အကျဉ်းထောင်၊ ထုံးဘိုအကျဉ်းထောင်(၁/၂)၊ ထုံးဘိုအမျိုးသမီးကုန်ထုတ်စခန်းတို့မှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၉၃၁ ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လွတ်ငြိမ်းခွင့်ရရှိရာတွင် အိုးဘိုအကျဉ်းထောင်မှ အမျိုးသား ၄၃ဝ နှင့် အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၄၆၃ ဦး၊ ထုံးဘို-၁ အကျဉ်းထောင်မှ အမျိုးသား ၁၈၁ ဦး၊ ထုံးဘို-၂ အကျဉ်းထောင်မှ အမျိုးသား ၁၃၆ ဦး၊ အိုးဘို အမျိုးသမီးကုန်ထုတ်စခန်းမှ အမျိုးသမီး ၁၅၁ ဦး စုစုပေါင်း ၉၃၁ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment