တိုက်ကြီး ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မြောက်လှိုင်ရိုးမ ကြိုးဝိုင်းအကွက်အမှတ် (၂) အတွင်း ကွမ်သီးမြောင်ကျေးရွာ အနီးတွင် ဧပြီ ၂၂ရက် ညနေ၄ နာရီ မိနစ် ၅ဝ ခန့်က ဆင်ပေါက်ငယ်တစ် ကောင်သေဆုံးနေကြောင်း ကလောစိုက်ခင်းမှ ကရင် လေးဆိုသူ တွေ့ရှိခဲ့သဖြင့် သစ်တောဦးစီးဌာနသို့ သတင်းပို့ခဲ့သည်။
အဆိုပါ နေရာသို့ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်သူ၊ တောအုပ်ကြီးဦးစီး အောင်သိန်းနှင့်အဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်ဦးစီးစောအယ်ဆေး၊ မွေးကုဦးစီးပါဝင်သောအဖွဲ့ သွားရောက်စစ်ဆေးရာ သေသောဆင်ပေါက်ငယ်လေးမှာ အထီးဖြစ်ကြောင်း၊ အသက်တစ်နှစ်ခွဲ လုံးပတ် ၄ ပေ ၇လက်မ၊ အမြင့် ၃ ပေ ၈ လက်မ၊ အလျား ၃ပေ ၃လက်မ၊ အမြီး ၂ ပေ ၂ လက်မ၊ နှာမောင်း ၁ ပေ ၅ လက်မရှိကြောင်း၊ အဖော်ကွဲကာဝမ်းချုပ်၊ အစာရေစာပြတ်၍ သေဆုံးကြောင်းနှင့် ပြင်ပဒဏ်ရာမတွေ့ ရှိရသဖြင့် အဆိုပါ ဆင်သေကို မြေကျင်းတူးမီးရှို့ ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလှိုင် (မြိုင်)
No comments:
Post a Comment