Latest News

Tuesday, April 24, 2018

ခြေလှမ်းတစ်သောင်းလမ်းလျှောက်ပွဲ မန္တလေးကျုံးပတ်လမ်းတွင် ကျင်းပမည်

ခြေလှမ်းတစ်သောင်းလမ်းလျှောက်ပွဲ   မန္တလေးကျုံးပတ်လမ်းတွင် ကျင်းပမည်

မန္တလေး ဧပြီ ၂၃

10000 STEPS CHALLENCE ခြေလှမ်း ၁ဝဝဝဝ လမ်းလျှောက်ပွဲကို    အင်ဒိုနီးရှားနိုင်ငံမှGrliga Muscular Balmက ဦးဆောင်၍ ဧပြီ ၂၈ ရက် (စနေနေ့) နံနက် ၅ နာရီတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇ဝ နှင့် ၇၁ လမ်းကြား  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ တာလွတ်မည်ဖြစ်သည်။

ခြေလှမ်း ၁ဝဝဝဝ လမ်းလျှောက်ပွဲသည်အခြား သူများနှင့် ယှဉ်ပြိုင်ရခြင်းမျိုးမဟုတ်ဘဲ မိမိကိုယ်ကို မိမိစိန်ခေါ်ရမည့်ပွဲဖြစ်ကြောင်း၊ လမ်းလျှောက်ပွဲများ ကို ဧပြီ ၂၈ ရက်၊ မေ ၂၆ ရက်၊ ဇွန် ၂၃ ရက် (စနေ နေ့)များတွင် ကျင်းပမည်ဖြစ်ပြီး သုံးကြိမ်လုံးမပျက် မကွက်ပါဝင်မည်ဟု စိတ်ပိုင်းဖြတ်ကာ သတ်မှတ်ထား သည့် အချိန် နှစ်နာရီအတွင်း ခြေလှမ်း ၁ဝဝဝဝ မပြည့်ပြည့်အောင် လမ်းလျှောက်မည်ဟု မိမိကိုယ် မိမိစိန်ခေါ်နိုင်သူများအား     ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်ထားသည်။

လမ်းလျှောက်ပွဲ သုံးကြိမ်လုံးအစောဆုံးခြေလှမ်း ၁ဝဝဝဝ ပြည့်မီပန်းဝင်လာသူအယောက် ၈ဝဝ အား အမှတ်တရဆွဲပြား(Finisher Medal)များပေး အပ်သွားမည်ဖြစ်သည်။

လမ်းလျှောက်မည့် ကျုံးပတ်လမ်းကြောင်း တစ်လျှောက်တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု နေရာများ၊ ရေ/ဓာတ်ဆားနှင့်ဆေးဝါးများထားရှိ ပေးမည်ဖြစ်ပြီး ပန်းဝင်ခြေလှမ်း ၁ဝဝဝဝ ပြည့်သည့် နေရာတွင် နံနက်စာကျွေးမွေးသွားမည်ဖြစ်သည်။

ပါဝင် လမ်းလျှောက်လိုသူများ ၂၆လမ်း၊ ၇၁ လမ်း နှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင် သာယာရုံးရှေ့တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။                      

သီဟကိုကို(မန္တလေး)

No comments:

Post a Comment