Latest News

Monday, April 30, 2018

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်သည့် နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ပြီး အမေရိကန် ကျွမ်းကျင် ပညာရှင်များကို ဖိတ်ခေါ်မည်

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်သည့် နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ပြီး အမေရိကန် ကျွမ်းကျင် ပညာရှင်များကို ဖိတ်ခေါ်မည်

ဆိုး ဧပြီ ၂၉

မြောက်ကိုရီးယား အစိုးရက နျူကလီးယား စမ်းသပ်မှု ပြုလုပ်သည့်နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကတိပြုပြီး အမေရိကန်ပြည်ထောင်စုမှ စစ်လက်နက် ပစ္စည်း ကျွမ်းကျင်ပညာရှင်များ အနေဖြင့် လာ၍စစ်ဆေးရန် ဖိတ်ခေါ်ထားကြောင်း တောင်ကိုရီးယား အစိုးရက ဧပြီ ၂၉ ရက်တွင်ပြောသည်။ ဧပြီ ၂၇ ရက်တွင်ကျင်းပသော တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ကင်ဂျုံအွန်က ယခု ကဲ့သို့ကတိပြုခြင်းဖြစ်ကြောင်း သိရသည်။

နျူကလီးယားစမ်းသပ်သည့်နေရာကို မေလတွင် ပိတ်သိမ်းရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့်တောင် ကိုရီးယားတို့မှ စစ်လက်နက်ပစ္စည်း ကျွမ်းကျင်ပညာရှင်များအပြင် ထိုသို့ပိတ်သိမ်းမှု ကိုနိုင်ငံတကာက သိရှိနိုင်စေရန် သတင်းထောက်များကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ပြုလုပ်မည် ဖြစ်ကြောင်း ကင်ဂျုံအွန်ကကတိပြုသည်ဟု တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်း ကပြောသည်။

လက်ရှိတွင်အမေရိကန်က မြောက်ကိုရီးယားကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နိုင်ငံအဖြစ် သတ်မှတ်နေ သော်လည်း နှစ်နိုင်ငံအကြား ဆွေးနွေးလိုက်သည့် အချိန်တွင် မြောက် ကိုရီးယားက အမေရိကန် သို့မဟုတ် တောင်ကိုရီးယားသို့ နျူကလီးယားဖြင့် တိုက်ခိုက်မည် မဟုတ်ကြောင်းကို အမေရိကန် ပြည်ထောင်စု အနေဖြင့် အသိအမှတ်ပြု လာစေရမည် ဖြစ်ကြောင်း ကင်ဂျုံအွန်ကပြောသည်။

ထို့ပြင် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား မကြာခဏ တွေ့ဆုံကာ ယုံကြည်မှု တည်ဆောက်နိုင်လျှင် စစ်ပွဲကိုအဆုံးသတ်စေကာ ကျူးကျော် တိုက် ခိုက်မှု မပြုဟူသော ကတိသာရပါက နျူကလီးယား လက်နက်ကိုကိုင်စွဲနေမည် မဟုတ်ကြောင်း ကင်ဂျုံအွန်ကပြောသည်ဟု ယွန်ယောင်ချန်းက ဆက်ပြောသည်။

ကင်ဂျုံအွန်၏ပြောဆိုမှုသည် မကြာမီပြုလုပ်မည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံမှုအတွက် အချိုပေါ်သကာဆင့်သည့် မှတ်ချက်ပြုမှုအဖြစ်ထွက်ပေါ်လာပြီး ၎င်း တို့နှစ်ဦးတွေ့ဆုံမှုကို မေလနှောင်းပိုင်း သို့မဟုတ် ဇွန်လအစောပိုင်းတွင် ပြုလုပ်မည်ဟု ဒေါ်နယ်ထရမ့်ကပြောသည်။ ဒေါ်နယ်ထရမ့်သည် ဧပြီ ၂၈ ရက်အစောပိုင်းတွင် မွန်ဂျေးအင်အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တယ်လီဖုန်းပြောရာ၌ အရာ အားလုံးသည် ကောင်းမွန်စွာဖြစ်တည် လာပြီဖြစ်ကြောင်း ကြွေးကြော်လိုက်သည်ဟု သိရ သည်။

ထို့ပြင် ဒေါ်နယ်ထရမ့်သည် မွန်ဂိုလီးယား သို့မဟုတ် စင်ကာပူနိုင်ငံ၌ ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် စဉ်းစားထားသည်ဟု CBS News သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment