Latest News

Thursday, April 19, 2018

မန်းရွှေစက်တော်ရာဘုရားပွဲ ပိတ်ပွဲနေ့တွင် မန်းဆည်တော်၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

မန်းရွှေစက်တော်ရာဘုရားပွဲ ပိတ်ပွဲနေ့တွင် မန်းဆည်တော်၌
လာရောက်အပန်းဖြေသူများဖြင့် စည်ကား


မင်းဘူး ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်တွင် နှစ်စဉ်   ကျင်းပမြဲဖြစ်သည့်  မန်းရွှေစက်တော် ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်း အနားကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)က ကျင်းပခဲ့သည်။ အဆိုပါ ဘုရားပွဲတော်ပိတ်ပွဲ နေ့တွင်  မင်းဘူး  (စကု)   မြို့နယ်  အိုင်းမ ကျေးရွာအနီးရှိ မန်းဆည်တော်၌  လာရောက် အပန်းဖြေ အနားယူကြသည့် ပြည်တွင်းဘုရားဖူး ဧည့်သည်များ လာရောက်မှုများပြားကာ အထူး စည်ကားခဲ့သည်ကို တွေ့ရသည်။

''ကျွန်တော်တို့ မိသားစုက ပခုက္ကူမြို့က လာခဲ့ ကြတာပါ၊ ဒီနေ့က မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဖြစ်တာကြောင့် မိသားစုတွေ စုံစုံလင်လင် ဘုရား ဖူးရအောင်    မန်းရွှေစက်တော်ကို   ဘုရားဖူး ထွက်ခဲ့ကြတာပါ၊   မနက်ပိုင်းက  မန်းရွှေစက် တော်ကိုလည်း  ဖူးမြော်ခဲ့ပြီးပါပြီ၊  မန်းရွှေစက် တော်ဘုရားကအပြန်မှာ   မန်းဆည်တော်ကို ရောက်ဖူးချင်လို့ လာပြီးအနားယူအပန်းဖြေတာ ဖြစ်ပါတယ်၊  မန်းဆည်တော်ကိုရောက်တော့ ကျွန်တော်တို့လိုပဲ လာရောက်အနားယူ အပန်း ဖြေနေကြတဲ့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေ စည်ကားနေတာကို တွေ့ရပါတယ်၊ တစ်ခု ကောင်း တာက ဒီဆည်တော်က မန်းရွှေစက်တော်မှာလို ရေချိုးရတာ အ္တရာယ်မရှိဘဲ ကလေး၊ လူကြီး မိသားစုအလိုက်    ပျော်ပျော်ပါးပါးရေချိုးလို့ရ တော့ ရေချိုးနေကြတဲ့သူတွေနဲ့ ပြည့်နေတာပါပဲ၊ နောက်ပြီး ဆည်တော်မန်းချောင်းအနီးမှာ နားခို စရာ စားသောက်ဆိုင်တွေလည်း အများအပြား ရှိနေလို့  စားရင်းသောက်ရင်း  အပန်းဖြေလိုက်၊ ရေချိုးလိုက်နဲ့  အလွန်ပျော်ဖို့  ကောင်းပါတယ်၊ နောက်နှစ်ကျရင်လည်း   မန်းရွှေစက်တော်ကို ဘုရားဖူးလာရင် မန်းဆည်တော်ကိုလည်း ရောက် အောင်လာပြီး အပန်းဖြေအနားယူရဦးမယ်''ဟု ပခုက္ကူမြို့မှ ဘုရားဖူးလာရောက်သည့် အမျိုးသား တစ်ဦးက ပြောသည်။

မန်းဆည်တော်အနီး အိုင်းမကျေးရွာမှ တစ်ပိုင် တစ်နိုင် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း  ''ကျွန်မတို့ အိုင်းမကျေးရွာအနီးက    မန်းဆည်တော်မှာ နှစ်စဉ်နှစ်တိုင်း    မန်းရွှေစက်တော်ရာဘုရားပွဲ ကျင်းပချိန်တိုင်း ပြည်တွင်းဘုရားဖူးဧည့်သည်တွေ နေ့စဉ် လာရောက်အပန်းဖြေ အနားယူကြတာ များလို့   အလွန်စည်ကားပါတယ်၊   ပြည်တွင်း ဘုရားဖူးဧည့်သည်တွေက   မန်းရွှေစက်တော်ရာ ဘုရားကို ဘုရားဖူးလာပြီဆိုရင် အပြန်လမ်းမှာ ကျွန်မတို့ ကျေးရွာအနီးက  မန်းဆည်တော်မှာ ခရီးတစ်ထောက်နားပြီး အပန်းဖြေကြပါတယ်၊ ဆည်တော်ရေကို  အေးအေးလူလူချိုးရင်း အနား ယူပြီးမှ ပြန်ကြလေ့ရှိပါတယ်၊ အခုလို ပြည်တွင်း ဘုရားဖူးဧည့်သည်တွေ   လာရောက်မှုများတဲ့ အတွက် ကျွန်မတို့ကျေးရွာက  ဒေသခံပြည်သူ တွေနဲ့ ဆည်တော်အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေရရှိပြီး မိသားစုအတွက် နေ့စဉ်ဝင် ငွေရလို့   အဆင်ပြေစေပါတယ်၊  ပြီးခဲ့တဲ့ ရက် တွေကဆိုရင် စားသောက်ဆိုင်တွေ တစ်ရက်ကို ငါးသိန်း၊  ခြောက်သိန်းဖိုးလောက်  ရောင်းရပါ တယ်၊ ကျွန်မတို့ မန်းဆည်တော်က ရွှေစက်တော် ဘုရားပွဲကို   အမှီပြုပြီး  ဖွင့်လှစ်ရောင်းချရတာ ဖြစ်လို့ ရွှေစက်တော်ဘုရားပွဲ ရာသီချိန်ကို အား ထားပြီးတော့ ရောင်းချရတာ  ဖြစ်ပါတယ်'' ဟု ပြောသည်။

မန်းရွှေစက်တော်ရာဘုရားပွဲတော် ပိတ်သိမ်း ပွဲနေ့တွင် မန်းဆည်တော်သို့ လာရောက်သူများ ယခင်နေ့များထက် ပိုမို များပြားခဲ့ပြီး မနက်ပိုင်းမှ ညနေပိုင်းအထိ    လာရောက်အနားယူသူများ ကြိတ်ကြိတ်တိုး   စည်ကားခဲ့သလို   ဈေးသည် များအနေဖြင့်လည်း    ဈေးရောင်းကောင်းပြီး အဆင်ပြေခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment