Latest News

Thursday, April 19, 2018

အလောင်းတော်ကဿပ ဘုရားဖူးရာသီပိတ်ပွဲ (လမ်းပိတ်ပွဲ)ကို ယခုလ ၂၁ ရက်တွင် ပြုလုပ်မည်

အလောင်းတော်ကဿပ ဘုရားဖူးရာသီပိတ်ပွဲ (လမ်းပိတ်ပွဲ)ကို ယခုလ ၂၁ ရက်တွင် ပြုလုပ်မည်

ကနီ     ဧပြီ    ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ  အလောင်းတော် ကဿပဘုရားလမ်းပိုင်းအား ယခုလ ၂၁ ရက်တွင် လမ်းပိတ်ပွဲ အခမ်းအနားပြုလုပ်၍   လမ်းပိုင်းအား   ပိတ်သွားမည်ဖြစ် ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး   လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။

သံကွန်ချာဖြင့် ဖုံးအုပ်သွားမည်
အလောင်းတော်ကဿပ  ဘုရားသွားရာလမ်းပိုင်းကို ယခုနှစ် ဇန်နဝါရီလ   ပထမပတ်အတွင်းက    စတင်ဖွင့်လှစ် ခဲ့ပြီး ယခုလ ၂၁ ရက်နေ့တွင် ဆရာတော်၊   သံဃာတော်များ ဖြင့် လမ်းတစ်လျှောက်တွင်  အန္တရာယ်ကင်းပရိတ်တရားတော် များ၊ပဋ္ဌာန်းတရားတော်များ  ရွတ်ဖတ်ပူဇော်ပြီး     လမ်းပိုင်း အား ပိတ်သွားမည်ဖြစ်ကြောင်းနှင့် အလောင်းတော်ကဿပ ရုပ်ပွားတော်မြတ်အား သံကွန်ချာဖြင့်    ဖုံးအုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အပြီးသတ် လမ်းပိတ်
''ခုက မိုးကျလာပြီ၊  ဧပြီ  ၂၁  ရက်ကို   ပိတ်ပွဲလုပ်မယ်၊ ဧပြီ ၂ဝ ရက်ညကို သံဃနာယကဆရာတော်တွေရော၊ ဂေါပက အဖွဲ့ရော၊  ကျွန်တော်တို့ရော အစည်းအဝေးလုပ်မယ်၊ အစည်း အဝေးလုပ်တာ ဘာလို့လဲဆိုတော့ အားနည်းချက်၊ အားသာ ချက်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ  ပြုပြင်ပြောင်းလဲမှုဆိုတာ ကျွန်တော်တို့    ကြိုးတံတားဖောက်မလား၊    လမ်းပြင်မလား စတဲ့အရာတွေ  ဆွေးနွေးကြမယ်၊  မနက်ကျရင်  အလောင်း တော်ကဿပကိုယ်တော်မြတ်ကြီးကို  သံကွန်ချာနဲ့ အုပ်မယ်၊  ဆရာတော်၊  သံဃာတော်တွေက   ကားနဲ့  လမ်းတစ်လျှောက် လုံး ပရိတ်ရွတ်မယ်၊ ပဋ္ဌာန်းရွတ်မယ်၊  ဂုံညင်းပင်စခန်းအထိ  ရွတ်ဖတ်ပူဇော်ပြီး    အဲ့ဒီဂုံညင်းပင်စခန်းမှာ     အပြီးသတ် ပြီးတော့  လမ်းပိတ်လိုက်မှာပါ''ဟု   ကနီမြို့နယ်    တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်   ဦးထွန်းထွန်းဝင်းက   ပြော သည်။
အလောင်းတော်ကဿပ  လမ်းပိုင်းပိတ်ပွဲနှင့် နောင်နှစ် ဘုရားဖူးရာသီတွင်  ပြင်ဆင်ဆောင်ရွက်သွားမည့်  ကိစ္စများနှင့် ပတ်သက်၍ ယခုလ ၂ဝ   ရက်တွင်   သံဃာ့မဟာ နာယက၊  လွှတ်တော်ကိုယ်စားလှယ်များ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန် ရှိသူများစုပေါင်းပြီး အစည်းအဝေးတစ်ရပ်   ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးသွားသိန်းချီဝင်ရောက်
အလောင်းတော်ကဿပ လမ်းပိုင်းကို  နှစ်စဉ်   မိုးလေ ကင်းလွတ်သည့် ဇန်နဝါရီလမှ   ဧပြီလအထိ လေးလသာ ဖွင့်လှစ်လေ့ရှိပြီး မိုးရာသီတွင်   လမ်းပိုင်းအား   ပြန်လည် ပိတ်လေ့ရှိကာ နှစ်စဉ်ဒေသအတွင်း ခရီးသွားသိန်းချီဝင်ရောက် သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)

No comments:

Post a Comment