Latest News

Friday, April 20, 2018

မူဆယ်မြို့တွင်အသံမိုင်း(၁)လုံးပေါက်ကွဲ

မူဆယ်မြို့တွင်အသံမိုင်း(၁)လုံးပေါက်ကွဲ

မူဆယ်ဧပြီ(၁၉)
                             
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်မူဆယ်မြို့တွင်ဧပြီ(၁၉)ရက် ည(၉း၂၀)နာရီအချိန်တွင် အသံမိုင်း(၁)လုံးပေါက်ကွဲ့ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ(၁၉)ရက် ည(၉း၂၀)နာရီအချိန်ခန့်တွင် မူဆယ်မြို့ ဇျေးရပ်ကွက် အင်းဝဘဏ်ရှေ့ ရွှေသမင်ဘုန်းကြီးကျောင်းလမ်းဆုံ မူဆယ်-နမ့်ခမ်းပြည်ထောင်စုကားလမ်းမကြီးဘေး အမိုက်ပုံတွင် အသံမိုင်း(၁)လုံးပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမူ့ကြောင့် လူနှင့်တရိစ္ဆာန်၊အဆောက်အဦများ ထိခိုက် သေဆုံး/ပျက်စီးခြင်းမရှိကြောင်းသိရပြီး ပေါက်ကွဲသည့်နေရာကို နယ်မြေခံတပ်မတော်သားများ၊မူဆယ်သတင်းရဲတပ်ဖွဲ့ဝင်များ၊ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရောက်ရှိလာပြီး ပေါက်ကွဲမူ့ဖြစ်စဉ်သည် မည်သည့်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က လုပ်ဆောင်ခဲ့သည်ကို စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 သန့်ဇင်-မူဆယ်

No comments:

Post a Comment