Latest News

Monday, April 30, 2018

အမှိုက်ပုံမီးခိုးငွေ့ရှူရှိုက်မှုကြောင့်ဆေးရုံတက်ရောက်ကုသနေရသူ ၂ဝ သာကျန်ရှိပြီး ခံစားနေရသောဝေဒနာများ လျော့နည်းသွားပြီဖြစ်

အမှိုက်ပုံမီးခိုးငွေ့ရှူရှိုက်မှုကြောင့်ဆေးရုံတက်ရောက်ကုသနေရသူ ၂ဝ သာကျန်ရှိပြီး ခံစားနေရသောဝေဒနာများ လျော့နည်းသွားပြီဖြစ်

ရန်ကုန်  ဧပြီ ၂၉

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်မှစ၍ ယနေ့ထိ အမှိုက်ပုံ   မီးလောင်မှုကြောင့်    မီးခိုးငွေ့  များ ပျံ့လွင့်လျက်ရှိရာ    Bio  Foam (အမြှုပ်ဆေးရည်)ဖြင့် ပက်ဖျန်းမှုကြောင့် ယခင်ထက်  မီးခိုးထွက်မှုလျော့နည်းသွား ပြီး ကာဗွန်မိုနောက်ဆိုဒ်  အငွေ့ရှူရှိုက်   မိ၍  ဆေးရုံတက်ရောက်ကုသနေသော လူနာ  ၂ဝ  သာ ကျန်ရှိကာ  မီးခိုးငွေ့ ကြောင့်  ခံစားရသော  ဝေဒနာများ လျော့ နည်းသွားပြီဖြစ်ကြောင်း သိရသည်။

''ထူးခြားတာက ဆေးရုံတက်ရောက် ကုသနေတဲ့လူနာတွေနဲ့  လာပြတဲ့လူနာ တွေရဲ့  သွေးထဲမှာ   ကာဗွန်မိုနော့ဆိုဒ် အဆိပ်ငွေ့  လျော့နည်းသွားတာကို တွေ့ရ ပါတယ်''ဟု   မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက ပြောသည်။

ဧပြီ ၂၂ ရက်မှစ၍ မြို့နယ်ပြည်သူ့ ဆေးရုံသို့ အမှိုက်ပုံနှင့် အနီးတွင်ရှိသော အမှတ် ၂ဝ ရပ်ကွက်၊   ကံလှရွာတို့မှ အသက်ရှူကျပ်သောလူနာများ အများ ဆုံးသွားရောက်ကုသခဲ့ပြီး ယနေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်းအထိ အမျိုးသားလူနာ ၁၅ ဦး၊  အမျိုးသမီးလူနာ  ငါးဦးသာ ကျန်ရှိ၍ ကာဗွန်မိုနောက်ဆိုဒ်အငွေ့ များ လျော့နည်းသွားပြီဖြစ်ကာ   ပြင်ပလူနာ   ၂၉     ဦး   တက်ရောက်ကုသခဲ့သည်။

''ဧပြီ ၂၃ ရက်ကနေ ဒီနေ့ နံနက် ၈ နာရီအထိ အတွင်းလူနာ ၃၃ ဦးမှာ တစ်ဦး ကို ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပြီး တော့ ၁၂ ဦးက ဆင်းသွားပါပြီ၊ ဆေးရုံ မှာ ၂ဝ ကျန်ပါတယ်၊ ပြင်ပလူနာအဖြစ် ၂၉ ဦး လာပြခဲ့ပါတယ်၊ မီးခိုးငွေ့ရှူမိလို့ ခံစားရတဲ့ဝေဒနာ  လုံးဝလျော့နည်းသွား ပြီးတော့ မူလရောဂါအခံရှိတဲ့သူတွေပဲ ကျန်ပါတော့တယ်''ဟု  မြို့နယ်ပြည်သူ့   ဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိန်ပင်အမှိုက်ပုံမှ   မီးခိုးထွက်ရှိမှု ယခင်ထက်များစွာ    ကျဆင်းသွားပြီး မီးခိုးငွေ့အဖြူရောင်များသာ လွင့်ပျံ့ လျက်ရှိ၍    မီးခိုးငွေ့လုံးဝကင်းစင်သွား စေရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှပညာ ရှင်များက   ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း-သန်းထိုက်(လှိုင်သာယာ)ဓာတ်ပုံ-သန်းစိုး(မြန်​မာ့အလင်း)

No comments:

Post a Comment