Latest News

Monday, April 30, 2018

စလင်းမြို့နယ်တွင် လေပြင်းတိုက်၍ လူတစ်ဦးသေဆုံး၊ တာဝါတိုင်တစ်တိုင်လဲ

စလင်းမြို့နယ်တွင် လေပြင်းတိုက်၍ လူတစ်ဦးသေဆုံး၊ တာဝါတိုင်တစ်တိုင်လဲ

စလင်း ဧပြီ  ၂၉

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် မိုးသက်လေပြင်း  တိုက်ခတ်သဖြင့်  သစ်ကိုင်းကျိုးကျ၍   လူတစ်ဦးသေဆုံးပြီး ဆက်သွယ်ရေးတာဝါတိုင် တစ်တိုင်လဲကျ ခဲ့သည်။   စလင်းမြို့နယ်   မကျီးဖျား ကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာ နေ ဒေါ်မာမာအေးသည် ၄င်း၏ယာခင်း တွင် အလုပ်လုပ်ကိုင်နေစဉ် မိုးသက်      လေပြင်းတိုက်ခတ်လာသဖြင့် ယာတဲ       တွင်ခင်ပွန်းဖြစ်သူနှင့်မိုးခိုနေရာ တဲအနီးရှိ လက်ပံပင်ကိုင်းကျိုးကျသဖြင့် အခင်းဖြစ် သည့်နေရာတွင် သစ်ကိုင်းပိ၍ သေဆုံး ခဲ့သည်။

ထို့ပြင် စလင်းမြို့နယ် ကန်ပြား ကျေးရွာရှိ  11 KVဓာတ်တိုင် ခုနစ်တိုင် ကျိုးကျပျက်စီးခဲ့သည်။  စလင်းမြို့နယ် ကူတိုကျေးရွာရှိ ဦးခင်မောင်နိုင် အိမ်ဝင်း အတွင်းရှိ  ဆက်သွယ်ရေးတိုင်သည်  လေပြင်းတိုက်ခတ်မှုကြောင့်   လဲပြို ပျက်စီးခဲ့သော်လည်း   လူများထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်ရာတွင် ဆီးသီးကင်းခန့်    မိုးသီးများကျခဲ့ပြီး  စလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု များမှ လူနေအိမ်  ၃ဝ၄  လုံး၊ ဘာသာရေး အဆောက်အအုံခုနစ်လုံး၊    စာသင် ကျောင်းနှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ ကြောင်း သိရသည်။    

စစ်ကြည်(စလင်း)မြန်​မာ့အလင်း

No comments:

Post a Comment