Latest News

Saturday, April 21, 2018

မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ်မြို့ဂုဏ်ဆောင် နာရီစင်ကြီးဖွင့်ပွဲကျင်းပ

မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ်မြို့ဂုဏ်ဆောင် နာရီစင်ကြီးဖွင့်ပွဲကျင်းပ



မန္တလေး ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ် မြို့ပြအင်္ဂါရပ် များနှင့် ညီညွတ်စေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အစီစဉ်များအနက် ဧပြီ၂၀ရက်တွင်တည်ဆောက်ပြီးစီးသွားသည့် မြို့နယ်ဂုဏ်ဆောင် နာရီစင်ကြီးဖွင့်ပွဲအခန်းအနားကိုယနေ့နံနက်၈နာရီကကျီကုန်းကွေ့မြို့အဝင်ရန်ကင်းတောင်သွားကားလမ်းဘေးရှိနာရီစင်တည်နေရာ၌ကျင်းပရာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မန္တလေးတိုင်း
ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအမျိုးသားလွှတ်တော်ကိုယ်စားလည်ဒေါက်တာသန်းဝင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးမန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလည်ဦးရဲမင်းဦးတို့ကတက်ရောက်၍ မင်္ဂလာအချိန်တွင်ပုသိမ်ကြီးမြို့ ဂုဏ်ဆောင်နာရီစင်ကြီးအားဖဲကြိုးဖြတ်ဖွင့်လစ်ပေးကြပြီးနောက်မော်ကွန်းကျောက်စာအားအောင်သပြေပန်းခက်ဖြင့်အမွှေးနံ့သာများပက်ဖြန်းပေးကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားပြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလည်မြို့ဂုဏ်ဆောင်နာရီစင်တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဌဦးရဲမင်းဦးမှနာရီစင်တည်ဆောက်ရေးနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက်နာရီစင်ကြီးအတည်ဆောက်ရေးအတွက်အဓိကပံ့ပိုးကူညီလှူဒါန်းကြသော'ဖရက်ရှာမြန်မာ'ကုမ္ပ္ပဏီမန်နေးဂျင်းဒါရိုက်တာဒေါ်လှလှထွေးနှင့်ကျန်ထပ်ဆင့်ကူညီပံ့ပိုးကြသောအလှူရှင်များ!နာရီစင်ပုံစံဆွဲနှင့်လျပ်စစ်ပိုင်းကူညီအလှူရှင်အားဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြပြီးနာရီစင်တည်ဆောက်ရေးဦးစီးကော်မတီမှနာရီစင်ထိမ်းသိမ်းစောင့်ရှောက်ရေးကော်မတီသို့နာရီစင်အားဆက်လက်ထိမ်းသိမ်းရန်လွဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များတက်ရောက်လာကြသောဧည့်သည်တော်များနှင့်အတူ စုပေါင်းအမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
"ယခုမြို့ဂုဏ်ဆောင်နာရီစင်တည်ဆောက်ခြင်းလုပ်ငန်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ ပူးပေါင်းပြီး ဆောင်ရွက်သွားခြင်းဖြစ်ပါတယ်။ ဆောက်လုပ်ဖို့ နေရာရွေးကြတဲ့အခါ မြို့ထဲ ပုသိမ်ကြီးကွေ့ နဲ့ မြို့အဝင် ကျီကုန်းကွေ့ နှစ်နေရာချပြခဲ့ရာမှာ အများဆန္ဒအရ ကျီကုန်းကွေ့ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနေရာမှာလည်း လမ်းရဲ့ အနောက်မြောက်ထောင့် ယာဉ်အသွားအလာအနည်းဆုံးနေရာနဲ့ လမ်း အရှေ့ဖက်ခြမ်းအပိုင်း လမ်းလယ်နှစ်နေရာဆိုပြီး ထပ်ရွေးချယ်ထားပါတယ်။ အခု နာရီစင်ပြုလုပ်မယ့် နေရာမှာ (၁၀)ပေ ပါတ်လည်လောက်ရှိတဲ့ ပုံစံငယ်တစ်ခု ချပြထားပေးပြီး ပြည်သူ့အသံကိုလည်း နားစွင့်ခဲ့တဲ့သဘောပေါ့ဗျာ။ပုသိမ်ကြီးမြို့မှာ ဈေးသစ်ကြီးလည်းရှိလာပြီ၊ လမ်းတွေလည်း အသစ်ဖောက်တာ၊ အဆင့်မြှင့်တင် ပြုပြင်တာတွေလုပ်နေပါတယ် တစ်ဆင့်ခြင်းလုပ်ဆောင်နေကြခြင်းပါ။ နောက် မကြာမီ မြို့တော်ခန်းမလည်း တည်ဆောက်လုပ်ဖို့ ညှိနှိုင်း စီစဉ်ခဲ့ပြီး တည်ဆောက်ရေးကာလမှာ အမြင်သွေလွဲမှုတွေ စေတနာနဲ့ ဝေဖန် အကြံပြုမှုတွေ ရှိနေမှာပါ။ မြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေကြ သူများကလည်း သူ့အပိုင်းနှင့်သူ တာဝန်ယူ၊တာဝန်ခံမှူ တိကျမှန်မှန် ကန်ကန် ကိုယ်ရောစိတ်ပါအောင်မြင်အောင်မြို့မိမြို့ဖများ ပါဝင်ဖွဲ့ထားတဲ့ကော်မတီတို့နှင့်ပူးပေါင်းဆောင်ရွှက်ခဲ့ကြပါတယ်"ဟု နာရီစင်တည်ဆောက်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ဦးထွေးအောင်(အာယုပါလက)က ပြောကြားသည်။

တင်မောင် မန်းကိုယ်ပွား

No comments:

Post a Comment