Latest News

Saturday, April 21, 2018

အမြန်လမ်းတွင်သံဃာတစ်ပါးမောင်းလာသောယာဉ်တိမ်းမှောက်ရာမှ သံဃာ ၂ ပါးသေ ၇ဦးဒဏ်ရာပြင်းထန်

အမြန်လမ်းတွင်သံဃာတစ်ပါးမောင်းလာသောယာဉ်တိမ်းမှောက်ရာမှ သံဃာ ၂ ပါးသေ ၇ဦးဒဏ်ရာပြင်းထန်



ကျောက်တံခါး  ဧပြီ  ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဧပြီလ ၂၁ ရက်နံနက် ၅နာရီခွဲခန့်ကယာဉ်တိမ်းမှောက်မှူဖြစ်ပွားရာမှလူသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာမြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၃/၅ နှင့် ၁၀၃/၆အကြားတွင်ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ ယာဉ်မောင်းဥူးအိန္ဒာဓုဓ သက်တော် ၄၆. ဝါတော် ၂၆ ဝါ (ဘ)ဦးစံရင် ဓမ္မပါလကျောင်းတိုက် သီတာအေးရွာ ထန်းတပင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်လာသော  HILUX TOYOTA ခဲရောင် ယာဉ်အမှတ် MDY. 5F-----သည်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ သံဃာနှစ်ပါး  မ ၇ဦးအားတင်ဆောင်၍မောင်းနှင်းလာစဉ်အခင်းဖြစ် နေရာအရောက်တွင်ယာဘက်ရှေ့ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်ခြမ်းမြေသားလမ်းပေါ်သို့ထိုးဆင်လိမ့်ကာတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်ပါရှိလာသူများအနက်ယာဉ်မောင်းပါသံဃာနှစ်ပါးမှာအခင်းဖြစ်နေရာတွင်ပြင်းထန်ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး မ ၇ ဦးမှာလည်းပြင်းထန်းထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့ချောင်း တိုက်နယ်ဆေးရုံ နှင့်ပဲခူးဆေးရုံကြီးသို့တပ်ဖွဲ့ပိုင်ယာဉ်များဖြင့် တင်ပို့ဆေးကုသနေကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီး ၇ ဦးမှာ အိုင်တိုကျေးရွာ ထောက်ရှာတန်းအုပ်စု  မြို့သစ်မြို့နယ်  မကွေးတိုင်းဒေသကြီးနေသူများဖြစ်ကြောင်းသိရသည်။

"မောင်းတာကလည်းဆရာတော်ပဲသံဃာနှစ်ပါးပျံလွန်တော်မူတယ်အခင်းဖြစ်နေရာမှာပဲ နောက်ကကောင်မလေးခုနှစ်ယောက်လည်း ဒဏ်ရာတွေရတယ် ပဲခူးဆေးရုံကိုသုံးယောက် မြို့ချောင်းဆေးရုံမှာ လေးယောက်ပါဆေးကုသမှူခံယူနေတယ် ကောင်မလေးတွေကတရား ပွဲဝေယျာဝစ္စလုပ်ပေးပြီးပြန်တာကိုဆရာတော်ကပြန်ပို့ရင်းခုလိုဖြစ်တာလို့သိရတယ်"မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းတာဝန်ရှိသူတစ်ဦးမှအတည်ပြုဖြေကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အများပြည်သူ ဆိုင်ရာအမြန်လမ်းမကြီးပေါ်တွင်ယာဉ်တိမ်းမှောက်မှူဖြစ်ပွားပြီးလူထိခိုက်ဒဏ်ရာရရှိသေဆုံးမှူဖြစ်ပွားအောင်ယာဉ်အားမဆင်မခြင်မောင်းနှင်သူယာဉ်မောင်းအား အမှူဖွင့်အရေးယူထားကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment