ပုသိမ် ဧပြီလ ၁၁ရက်
ပုသိမ်တွင် ဒုတိယအကြိမ် ရခိုင်သင်္ကြန်ပွဲတ်ာကျင်းပရာ သင်္ကြန်အကြိုအနေဖြင့် ရခိုင်ရိုးရာ ရထားဆွဲပွဲနှင့်ကျင်ပွဲ ကို ပုသိမ်မြို့ ကန်သာယာဘောလုံးကွင်းတွင် ယနေ့နံနက် ၈နာရီ အချိန်ဆက ပထဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါပွဲအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးတင်စောမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်
ရခိုင်ရိုးရာ ရထားဆွဲပွဲ ကိုလာရောက်ယှဉ်ပြိုင်သည့်အဖွဲ့များမှာ မြို့နယ်ထွေအုပ် ဦးစီးဌာနအသင်း အမှတ်(၁)ရပ်ကွပ်အသင်း အမှန်(၃)ရပ်ကွပ်အသင်း အမှတ်(၄)ရပ်ကွပ်အသင်း အမှတ်(၇)ရပ်ကွပ်အသင်း အမှတ်(၈+၁၂) ရပ်ကွပ်အသင်း အမှတ်(၉+၁၀)ရပ်ကွပ်အသင်း အမှတ်(၁၃)ရပ်ကွပ်အသင်း အမှတ်(၁၄) ရပ်ကွပ်အသင်းများနှင့် ရခိုင် လူမူရေးအသင်းများဖြစ်ကြောင်း ရခိုင်ဝန်ကြီးဦးတင်စော ထံမှ သိရသည်
"ဒီပွဲကို ဒါပထမဆုံးကျင်းပတာ ပေါ့ ကိုယ်တောင် မမြင်ဖူးဘူး ဒီလိုပွဲမျိုးကို ဒါကြောင့်ရိုးရာပွဲတော်ကို ပုသိမ်ကလူတွေလည်းပါဝင်လို့ရအောင်စီစဉ်ခဲ့တာပါ အနယ်နယ်အရပ်ရပ်က ရခိုင်လူမျိုးတွေကို စားစရိတ်နေစာရိတ်ခရီးစာရိတ်အကုန်ချခံပြီး ဒီပွဲမှာယှဉ်ပြိုင်ဖို့ဖိတ်ခေါ် ခဲ့တာပါဒါကလဲ ရခိုင်ရိုးရာပွဲတော်ဆိုတော့ ရခိုင်လူမျိုးတွေပါစေချင်တယ်လေပထမဆု ၃သိန်း ဒုတိယ ဆု ၂သိန်း ဆုချီးမြင့်ပေးခဲ့ပါတယ် ရခိုင်ရထားဆွဲတာက တဖက်ကို လူ၄၀ကျော်ပါတယ် သင်္ကြန်ကျရင်လည်းစည်းစည်းကားကားကျင်းပမှာပါ "ဟု ရခိုင်ဝန်ကြီးဦးတင်စောမှ တိုင်းဧရာကိုပြောသည်
ညနေ၃နာရီအချိန်တွင် ရခိုင်ရိုးရာကျင်ပွဲ ကျင်းပခဲ့ကြောင်း ရခိုင်လှူမူရေးအသင်း သည် အနယ်နယ်အရပ်ရပ်မှ ရခိုင်တိုင်းရင်သားများစုပေါင်းထားသည့် အသင်းဖြစ်ကြောင်း ၎င်းအသင်းသည် ပန်းတိမ် လုပ်သားများဖြစ်ကြောင်း အဆိုပါပွဲအား၂၀၁၇ ၂၀၁၈ဘတ်ဂျက်ငွေ သိန်း၅၀သုံးထားကြောင်းအမှန်က၇၅သိန်းလောက်ကုန်ကျကြောင်း ရထားဆွဲပွဲတွင်အသုံးပြုထားသည့်  ရထားလုံးတင် ၁၅သိန်းကုန်ကျခဲ့ကြောင်း ရထားလုံးအပ်ပြီးမှ ပုံစံမကျလို့ပြန်ပြင်ခဲ့ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်
အဆိုပါပွဲ ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ဦးလှမိုးအောင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး စည်ပင်ဝန်ကြီးဦးကျော်မြင့်နှင့်တိုင်းအစိုးရ အဖွဲ့ဝင်များမှတက်ရောက်ခဲ့ကြသည်
ပထဆု ကို ရခိုင်လှူမူရေးအသင်းမှ ရရှိခဲ့ပြီး ဒုတိယဆုကို အမှတ်(၄)ရပ်ကွပ်အသင်းမှ ရရှိခဲ့သည် ဟု ရခိုင် လူမျိုးကိုမောင်ထွီခိုင်ထံမှသိရသည်
သတင်း၊ဓာတ်ပုံ ရွှေရည်ဝင်း(တိုင်းဧရာ)
No comments:
Post a Comment