ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံး မြန်မာ့နှစ်သစ် မင်္ဂလာအခါသမယမှာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာအောင် ကြိုးစား ကြရာမှာ နိုင်ငံတော်အစိုးရနဲ့အတူ တိုင်းရင်းသား ပြည်သူအားလုံးက ကျရာကဏ္ဍကနေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်တို့ကို အခြေခံပြီး စုပေါင်းအင်အားနဲ့ အတူ တကွ လက်တွဲ၍ အကောင်အထည် ဖော် ဆောင်ရွက်သွားကြဖို့ မေတ္တာ ရပ်ခံ တိုက်တွန်းပြောကြား လိုပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
ဒုတိယသမ္မတ ဦးမြင့်ဆွေ
No comments:
Post a Comment