Latest News

Tuesday, April 17, 2018

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား


မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာအခါ သမယမှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသူ၊နိုင်ငံသားတိုင်းရင်းသားပြည်သူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

အေးချမ်းသာယာပြီး     ဖွံ့ဖြိုး တိုးတက်တဲ့    ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို    တည်ဆောက် ရာမှာ ပြည်ထောင်စုဖွား တိုင်းရင်း သားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှု၊  ရိုင်းပင်းကူညီမှု၊ နားလည်စာနာမှု၊   ခွင့်လွှတ်သည်းခံမှု၊ အပြန်အလှန်     လေးစားမှုများကို အခြေခံပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ကာ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြရမှာ   ဖြစ်ပါတယ်။ စုပေါင်းအင်အားသာလျှင်    အရာ အားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် အကြီးမားဆုံး ခွန်အားဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်း သား မိဘပြည်သူများခင်ဗျား
နှစ်သစ်ကူး   အချိန်အခါမှသည် လာမယ့်တစ်သက်တာလုံး   မင်္ဂလာ အပေါင်းနဲ့ပြည့်စုံ၍ ပျော်ရွှင်ချမ်းမြေ့ ဖွယ်ဘဝများ ကိုယ်စီကိုယ်င  ခံစား ရရှိနိုင်ကြပါစေ၊ အခက်အခဲဟူသမျှကို စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်ဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ၊ အမျက် ရန်မီးတို့ ငြိမ်းအေးကာ ထာဝရငြိမ်းချမ်း ရေးကို      ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ

No comments:

Post a Comment