မင်းအောင်လှိုင်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
လာမယ့်နှစ်သစ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူရော၊ မြန်မာနိုင်ငံ ပြင်ပမှာရောက်နေတဲ့လူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ၁၃၇၉ ခုနှစ် အတွင်းမှာတော့ ပြောင်းလဲမှုအချို့နဲ့အတူ ပြည်သူတွေ ဖြတ်သန်းခဲ့ရတာ အများကြီးရှိကြတယ်။
ဒီတစ်နှစ်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့၊ ဖြတ်သန်းခဲ့ရတဲ့ ပင်ပန်းမှုတွေကို ဒီနှစ်သစ်ကာလမှာ အားတွေမွေးကြ တာပေါ့၊ ပျော်ကြရွှင်ကြတာပေါ့၊ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပေါ့။ အဲ့ဒီကနေတစ်ဆင့် လာမယ့် ၁၃၈ဝ ခုနှစ်မှာလည်း ယခုထက်ပိုပြီး တိုးတက်မှုတွေ ရကြအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပါ တယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
No comments:
Post a Comment