Latest News

Tuesday, April 10, 2018

ထောက်ကြန့်မြို့နယ်အဝင်လမ်းဆုံတွင် ယာဉ်နှစ်စီးတိုက်အမျိုးသား ငါးဦးနှင့် ကလေးမတစ်ဦးသေဆုံး

ထောက်ကြန့်မြို့နယ်အဝင်လမ်းဆုံတွင် ယာဉ်နှစ်စီးတိုက်အမျိုးသား ငါးဦးနှင့် ကလေးမတစ်ဦးသေဆုံး

ရန်ကုန် ဧပြီ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အပိုင် နယ်မြေအတွင်း၌ ဧပြီ ၁ဝ ရက် နံနက် ၇နာရီ မိနစ်၎ဝ ခန့်က            ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိရာမှ ယာဉ်ပေါ်တွင်လိုက်ပါလာခဲ့ကြသည့် ခြောက်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

လှည်းကူးဘက်မှ ထောက်ကြန့်ဘက်သို့ ယာဉ်မောင်း ကိုစိုးနိုင်မှ မီနီဘတ် BGO /2G/---ဖြင့် မောင်းနှင်လာစဉ် ထောက်ကြန့် မြို့အဝင်လမ်းဆုံအရောက်၌ တစ်ဖက်ယာဉ်ကြောဖြစ်သည့် ထောက်ကြန့်ဘက်မှ လည်းကူးဘက်သို့သွားရာလမ်းပေါ်၌ ယာဉ်မောင်း (စုံစမ်းဆဲ)မှ ဟိုင်းလပ်ွR/----(သနပ္ပလင်-ရန်ကုန်)ဖြင့် မောင်းနှင်လာရာမှ ကားအောက်ပိုင်းတိုင်းရော့(စ်)ပြုတ်သွားပြီး တစ်ဘက် ယာဉ်ကြောသို့ ရောက်ရှိပြီး မီနီဘတ်အား အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်များအနက် ဦးအောင်ဆန်းဦး အသက်(၄၈)နှစ် ကျွန်းကလေး လှည်းကူးမြို့၊ ဦးဘိုမြင့် အသက် (၅၄)နှစ် ကညင်ကုန်းကျေးရွာ လှည်းကူးမြို့၊ ဦးစန်းမြင့် အသက်(၄၃)နှစ် အမှတ် ၃ တိုးဂိတ် ကိုရဲထွန်းနိုင် (၂၂) နှစ် ၁၂ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ မသ္တာစိုး အသက်(၈)နှစ် ကျောင်းကုန်းမြို့နယ် ဧရာဝတိုင်းဒေသကြီးတို့ သေဆုံးခဲ့သည်။

ဒဏ်ရာရသူ ၂ဝ ဦးကို ထောက်ကြန့်မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးမြင့်ခိုင် ဦးစီးသော ကယ်ဆယ်ရေးအဖွဲ့ဝင်များက အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်ရာဆေးရုံများသို့ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ ပို့ဆောင်ရာ၌ ဒဏ်ရာရသူများထဲမှ ဦးလွင်ဦး (နေရပ်လိပ်စာစုံစမ်းဆဲ)မှ ထပ်မံသေဆုံးသွားခဲ့ကြောင်း မီးသတ်အရာရှိက ထပ်မံပြောကြားခဲ့သည်။

ဟိုင်းလပ်ယာဉ်မောင်းသူ(စုံစမ်းဆဲ) အား ထောက်ကြန့်ရဲစခန်းမှ မဆင်မချင်မောင်းနှင်မှု၊ ခရီးသည်များ သေဆုံးမှုအတွက် အမှုဖွင့်အရေးယူရန် စုံစမ်းလျက်ရှိနေကြောင်းသိရှိရသည်။

ကိုကြီးတင်

No comments:

Post a Comment