Latest News

Tuesday, April 10, 2018

ယာဉ်မဆင်မခြင်မောင်း ချောက်ထဲသို့ ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါလူ(၉)ဦးပြင်းထန်ဒဏ်ရာရ

ယာဉ်မဆင်မခြင်မောင်း ချောက်ထဲသို့ ထိုးကျတိမ်းမှောက်  ယာဉ်ပေါ်ပါလူ(၉)ဦးပြင်းထန်ဒဏ်ရာရ

မကွေး ဧပြီ ၁၀

    မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာ အနီးတွင် ၂၀၁၈ခုနှစ် ဧပြီလ ၁၀ရက်နေ့ နံနက်၇နာရီ၄၅မိနစ် အချိန်ခန့်က ကြက်သွန်နီများတင်ဆောင်လာသော ထော်လာဂျီ ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါလူ(၉)ဦး ပြင်းထန်ဒဏ်ရာ အသီးသီးရှိခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

     ယာဉ်တိမ်းမှောက်မှု သတင်းရလျှင်ရခြင်း တာဝန်မှူး ဒုရဲအုပ်အောင်မင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေ မြို့လုလင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ယနေ့နံနက် ၇နာရီ၃၀မိနစ်အချိန်ခန့်ကမြို့သစ်မြို့နယ်၊ နင်းကြမ်းကျေးရွာနေ ယာဉ်မောင်း ဦးခိုင်မင်းအောင်၊(သ)၂၁နှစ်မှ ယာဉ်အမှတ် ၅ဌ/-------- ထော်လာဂျီအစိမ်းရောင် ယာဉ်ပေါ်တွင် တစ်ရွာတည်းနေ ဦးညွန့်ဝင်း(သ)၄၀နှစ်၊ ခရီးသည်(၁၀)ဦး၊ကြက်သွန်နီအိတ်(၃၀)လုံး အားတင်ဆောင်၍မြို့သစ်မြို့နယ်ဘက်မှတောင်တွင်းကြီးမြို့နယ် ဘက်သို့မြို့သစ်-တောင်တွင်းကြီးကားလမ်းအတိုင်းအရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၁၁/၅)နှင့် (၁၁/၆)ကြား အရောက်၌ ကားဘရိတ်ပေါက်ကာ အရှိန်မထိမ်းနိုင်ဘဲ ကားလမ်းယာဘက်ခြမ်း(၇)ပေခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းနှင့်အတူ ခရီးသည်(၄)ဦးမှာ ပြင်းထန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ခရီးသည်(၄)ဦးမှာ ဒဏ်ရာများ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့သဖြင့် နံနက်၈နာရီ၅မိနစ် အချိန်တွင် မြို့သစ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ ပေးလျှက်ရှိကြာင်း သိရသည်။

      ဖြစ်စဉ်နှင့်ပါတ်သက်၍ ထော်လာဂျီယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်တိမ်းမှောက်ခဲ့သူ ယာဉ်မောင်း ဦးခိုင်မင်းအောင်အား ဥပဒေအရအရေးယူနိုင်ရန် မြို့သစ်မြို့မ ရဲစခန်းတွင် ၂၀၁၈ခုနှစ် ဧပြီလ ၁၀ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်အချိန်က ယာဉ်(ပ)၂၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ဖြင့်အမှုရေးဖွင့်ပြီး အမှုစစ်ဒုရဲအုပ်အောင်မင်းသိန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး(မကွေး)

No comments:

Post a Comment