သင်္ကြန်၏ ပုံရိပ်၊ မန္တလေးမြို့၏ အနှစ်သာရ
နှင့် ပျော်ရွှင်ညီညွတ်မှုကို ရရှိစေရန် ရည်ရွယ်
ချက်ဖြင့် မန္တလေးသင်္ကြန်ကို တစ်နှစ်ထက်
တစ်နှစ် ပိုမိုထူးခြားကောင်းမွန်အောင် ကြိုးစား
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဧပြီ ၅ ရက်
ညနေ ၃ နာရီကပြုလုပ်သည့် ၂ဝ၁၈ ခုနှစ်
မန္တလေးမဟာသင်္ကြန်ကျင်းပမည့် အစီအစဉ်
များကို မီဒီယာများအား ရှင်းလင်းပွဲတွင်
မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။
ယခုနှစ် မန္တလေးသင်္ကြန်ကို ရှေးခေတ်
မန္တလေးပုံရိပ်နှင့် အရသာကို ပြန်လည်ခံစား
ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့်လည်း
ကောင်း၊ ဒေသထွက်ကုန်၊ ရိုးရာအစားအစာ များပေါများသည့် မန္တလေးမြို့၏ အမှတ်တံဆိပ်ကို သင်္ကြန်ပွဲတော်တွင် ခရီးသွား
လုပ်ငန်း မြှင့်တင်ရေးနှင့် တွဲဖက်ပြီး လုပ်ဆောင်
နိုင်ရန် လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန် အစီအစဉ်ကို ဆန်းသစ်သောဖန်တီးမှုများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ
သည်။
''ဒီနှစ်ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်မှာ မနှစ်ကထက် ပိုမိုထူးခြားတဲ့ အစီအစဉ်တွေ တီထွင်ဆန်းသစ် ထည့်သွင်းထား
တယ်၊ ဒါ့အပြင် တောသင်္ကြန်မှာလည်း ရိုးရာအစားအစာတွေနဲ့ ရိုးရာယဉ်ကျေးမှုကို တွဲဖက်ပြီး ဖော်ထုတ်နိုင်အောင် ဆံရစ်ဝိုင်းမိန်းကလေး
တွေပါ ပူးပေါင်းပါဝင် လုပ်ဆောင်ကြမယ်၊ ဆံရစ်ဝိုင်းမိန်းကလေးတွေနဲ့ နိုင်ငံခြားသား တွဲဖက်ပြီး အမှတ်တရဓာတ်ပုံရိုက်နိုင်တဲ့ နေရာတွေလည်း စီစဉ်ထားတယ်၊ ဖျော်ဖြေရေး အနေနဲ့ ပိတ်ကားထောင်ရုပ်ရှင်ပြသတာတွေ၊ ကျောက်ဆည်ဆင်အကတွေ၊ ရုပ်ကြီး
စင်နဲ့ ခြင်းလုံးအလှခတ်ပွဲတွေလည်း နေ့စဉ်ဖျော်ဖြေဖို့စီစဉ်ထားတယ်'' ဟု၎င်းက ပြောသည်။
တောသင်္ကြန် ညဈေးရောင်းပွဲတော်တွင် ရိုးရာအစားအစာများရောင်းချမည့် ဆိုင်ခန်း ၁၈ဝ ကို ကျန်းမာရေးနှင့် ညီညွတ်သောအစား
အစာများရောင်းချနိုင်ရန် ဧပြီ ၈ ရက်တွင် အစားအသောက် ကျွမ်းကျင်ဆရာဝန်များ က သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆက်လက် ပြောကြားသည်။
ယခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် ထူးခြားသော ပါဝင်မှုအနေဖြင့် မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းက ဦးစီးကျင်းပ မည့် ရေဆိုခံကာတွန်းပြပွဲတွင် လက်ရွေးစင် ကာတွန်းကားပေါင်း ၃ဝဝ ကျော်ကို သင်္ကြန် ကာလအတွင်း ကျုံးတောင်ဘက် ၇၃ လမ်းနှင့် ၇၈ လမ်းကြား လမ်းလယ်ကျွန်းပေါ်တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)ကြေးမှုံ
No comments:
Post a Comment