Latest News

Thursday, April 19, 2018

နှစ်ဆန်းသုံးရက်နေ့အထိ အဝေးပြေးယာဉ်လိုင်းများ၌ ခရီးသည်များ အလွန်များပြား

နှစ်ဆန်းသုံးရက်နေ့အထိ အဝေးပြေးယာဉ်လိုင်းများ၌ ခရီးသည်များ အလွန်များပြား


ဝါးခယ်မ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်း သင်္ကြန်ကာလ နေရပ်ပြန်ပြည်သူများ၊ ခရီးသွား ဧည့်သည်များဖြင့် အဝေးပြေးယာဉ်လိုင်းများတွင် နှစ်ဆန်းသုံးရက်နေ့အထိ ခရီးသည်များ အလွန်များပြားလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလ ခရီးသွားဧည့်သည်များ အလွန်များလာမှုကြောင့် အဝေးပြေးယာဉ်လိုင်းများကို အချိန်တိုးမြှင့် ပြေးဆွဲ ပေးနေရကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

''အဝေးပြေးယာဉ်လိုင်း ရှစ်လိုင်းရှိတယ်၊ ပုံမှန်အားဖြင့် တစ်နေ့ကို ခြောက်ကြိမ် ထွက်တယ်၊ သင်္ကြန်မတိုင်ခင်ရယ်၊ အခုနှစ်ဆန်း ၁ ရက်နေ့ကစပြီး ဒီနေ့ထိ အဝေးပြေးယာဉ်အားလုံးမှာ စီးနင်းသူ တော်တော်များတယ်၊ အချိန်တိုးမြှင့် ပြေးဆွဲပေးမှုတွေ ရှိတယ်၊ တခြားလုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည် ပြေးဆွဲပေးတဲ့ မော်တော်ယာဉ်တွေကို ကြပ်မတ်စစ်ဆေး မှုတွေ ဆောင်ရွက်ပေးနေပါတယ်''ဟု ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းအောင်က ပြောသည်။

''ကျွန်တော်က ရန်ကုန်မှာ အလုပ်လုပ်နေတာ၊ သင်္ကြန်ရက် အမေတို့ဆီ ပြန်လာတာ၊ အလာတုန်းကလည်း ကားလိုင်း တွေမှာ လူကျပ်တယ်၊ အခုလည်း နှစ်ဆန်း ၂ ရက်နေ့ပြန်မလို့ပဲ ကားလက်မှတ်မှာလို့မရလို့ ဒီနေ့မှ ပြန်ဖြစ်တာပါ''လို့ နေရပ် ပြန်လာသော မောင်ဝင်းကိုက ပြောသည်။                                                  

လွှမ်းသီဟ(ဝါးခယ်မ)

No comments:

Post a Comment