Latest News

Monday, April 23, 2018

ဘုရားဖူးယာဉ်တစ်စီးတိုက်လော့ပြုတ်၍ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းညောင်ပင်သာကျေးရွာအနီးရှိညောင်ပင်သာတံတားအောက်သို့ထိုးကျ

ဘုရားဖူးယာဉ်တစ်စီးတိုက်လော့ပြုတ်၍ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းညောင်ပင်သာကျေးရွာအနီးရှိညောင်ပင်သာတံတားအောက်သို့ထိုးကျ


မိတ္ထီလာ၊ဧပြီ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းညောင်ပင်သာကျေးရွာအနီး၌ ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ကဘုရားဖူးယာဉ်တစ်စီးကား၏ ရှေ့ညာဘက်တိုက်လော့ပြုတ်၍ တံတားအောက်သို့ ထိုးကျသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာမိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းမိုင်တိုင်အမှတ် (၁၇/၁)ညောင်ပင်သာကျေးရွာအနီးရှိညောင်ပင်သာတံတားတွင် ယာဉ်မောင်းနေဝင်းဟန်(၃၅)နှစ် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့နေသူမောင်းနှင်သော 3K/----- HYUNDAIဖြူ/ပြာကြားရောင် (၆)ဘီးမှန်လုံပတ္တမြားရွှေစင်ဘုရားဖူးယာဉ်သည် ရန်ကုန်မှ အမြန်လမ်းမကြီးအတိုင်းပုပ္ပားသို့ ဘုရားဖူးသွားရာမှ ကား၏ရှေ့ညာဘက်တိုက်လော့ပြုတ်၍ လမ်းညာဘက်ရှိတံတားအောက်သို့ ထိုးကျသွားပြီးယာဉ်ပေါ်ပါ ခရီးသည်(၄၉)ဦးအနက် ယာဉ်မောင်းပါ ခရီးသည်(၃၀)ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလည်ရွာတိုက်နယ် နယ်မြေရဲစခန်းမှ ယာဉ်အားမဆင်မခြင်မောင်းနှင်သူနေဝင်းဟန်အား အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)မြန်​မာ့အလင်း

No comments:

Post a Comment