Latest News

Wednesday, April 11, 2018

အမျိုးသားတွေ ကျောင်းဆရာလုပ်ဖို့  ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


အမျိုးသားများအနေဖြင့် ဆရာအလုပ်ကို စိတ်ဝင်စားပြီး  ကျောင်းဆရာလုပ် ဖို့  နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
"အမျိုးသားများကျောင်းဆရာတွေလုပ်ဖို့ လည်းအားပေးပါ ဆွဲဆောင်ပါ ကျောင်းဆရာ လုပ်တယ်ဆိုတာ အင်မတန်မှ သိက္ခာရှိပါတယ် နောင်လာနောင်သားတွေရဲ့ စိတ်ကို ပြုစု ပျိုးထောင်ပေးနိုင်ခွင့်ရတယ်ဆိုတာ တော်ရုံ အခွင့်ရေးမဟုတ်ပါဘူး ဒါ့ကြောင့်ကျောင်းဆရာ ဆရာမကို ဂုဏ်ယူကြပါ ကျောင်းဆရာဖြစ်ဖို့ မျော်မှန်းကြပါ” ဟု သူမကပြောသည်။

ဧပြီလ (၁၀)ရက်နေ့ က မြောင်းမြမြို့  ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး စကားဝိုင်းတွင် အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းဆရာမ များစွာရှိသော်လည်း ဆရာအင်အားမှာ သိသိသာသာနည်းပါးနေကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့ ပြီး ငြိမ်းချမ်းရေးစကားဝိုင်းတွင်ပါဝင်သူများ လာရောက်နားထောင်သူများကလည်း ကျောင်းဆရာဖြစ်ချင်သည့်သားသမီးများ ကိုအားပေးဖို့ လည်းထည့်သွင်းပြောဆိုခဲ့ သည်။

"ကျွန်တော်မြင်တာတွေ လူငယ်တွေ ကျောင်းဆရာလုပ်ငန်းကို စိတ်ဝင်စားဖို့ ဆိုတာက လစာတွေလည်းတိုးမြှင့်ပေးရမယ် ခုတော့ အများအားဖြင့် စစ်တပ်ထဲလို့ လစာကောင်းတဲ့ နေရာတွေပဲရောက်သွားတယ် လစာတွေလည်းတိုးပေးရင် ထိုက်သင့်သလောက်စိတ်ဝင်စားမှာပါ “တိုင်းဧရာ၏၀န်ကြီးချုပ်ဟောင်းအငြိမ်းစားကျောင်းဆရာမန်းဂျော်နီကပြောသည်။

မြန်မာနိုင်ငံတွင် ဆရာမ အင်အားမှာ (၉၀)ရာခိုင်နှုန်းကျော်အထိပါဝင်ပြီးကျောင်းဆရာအရေအတွက်မှာ သိသိသာသာနည်းပါးနေသည်။
မျိုးမင်းပိုင်

No comments:

Post a Comment