တိုးမြှင့်၍ စနစ်တကျ ဆောင်ရွက်သွားမည်
မကြာမီကျင်းပတော့မည့် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ ဘေးအ္တရာယ် ကင်းရှင်းစွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက် မည့် အစီအမံများနှင့် ပြည်သူများ လိုက်နာဆောင်ရွက် သင့်သည်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ òန်ကြားရေးမှူး (စီမံ) ရဲမှူးကြီး သက်နိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသား တင်ပြလိုက်ရပါသည်။
မေး။ မဟာသင်္ကြန်ပွဲတော် ကျင်းပစဉ်ကာလ ပြည်သူတွေ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ဖို့အတွက် မြန်မာ
နိုင်ငံရဲတပ်ဖွဲ့က ဘာတွေ ဆောင်ရွက်ထားသလဲဆိုတာ သိလို
ပါတယ်။
ဖြေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မြန်မာသက္ကရာဇ် ၁၃၇၉-၈ဝ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြို
ကာလ လုံခြုံရေးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပစဉ် လုံခြုံရေးကို ဧပြီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိနဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပြီး ကာလ လုံခြုံရေးကို ဧပြီလ ၁၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိဆိုပြီး အပိုင်း သုံးပိုင်းခွဲကာ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။
သင်္ကြန်ရေကစားမဏ္ဍပ်တွေရဲ့ လုံခြုံရေးအပြင် တန်ခိုးကြီးဘုရား၊ စေတီ၊ သာသနိကအဆောက်အဦ၊ အများ ပြည်သူအပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့ ကစားကွင်းတွေ၊ လူစည်ကား ရာနေရာတွေဖြစ်တဲ့ ဈေး၊ ကုန်တိုက်၊Shopping Center တွေ၊ ရေဆိပ်၊ လေဆိပ်၊ ကားဂိတ်နဲ့ ဘူတာရုံတွေရဲ့ လုံခြုံရေး၊ မော်တော်ယာဉ်တွေသွားလာမယ့် လမ်းကြောင်းလုံခြုံရေး၊ လုံခြုံရေးအရန်အသင့် စုဖွဲ့မှုတွေ ဆောင်ရွက်ထားရှိပါတယ်။ ဒါ့အပြင် ရေကစားမဏ္ဍပ်တွေနဲ့ အရေးကြီးနေရာတွေမှာ CCTVကင်မရာတွေ တပ်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်၊ ဝင်၊ ထွက် ပေါက်တွေ၊ နယ်စပ်ဝင်၊ ထွက်ပေါက်တွေမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးတွေကနေတစ်ဆင့် စောင့်ကြည့် စစ်ဆေးသတင်းဖလှယ်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အရင်နှစ်က နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဟာသင်္ကြန်လုံခြုံရေးကို လုံလောက်တဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ လုံခြုံရေး ဆောင်ရွက်ခဲ့ပြီး အခုနှစ်မှာလည်း အရင်နှစ်ကထက် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ပြီး လုံခြုံရေးစီမံချက် စနစ်တကျ ရေးဆွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ သင်္ကြန်ကာလမှာ ဘယ်လိုမှုခင်းမျိုးတွေ ဖြစ်ပွားတတ် ပါသလဲ။
ဖြေ။ သင်္ကြန်ကာလအတွင်း ဖြစ်ပွားတဲ့ မှုခင်းတွေမှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ မှုခင်းတွေနဲ့ သင်္ကြန်ကာလ
တစ်ခုလုံးမှာ ပိုမိုဖြစ်ပွားလေ့ရှိတဲ့ မှုခင်းဆိုပြီး နှစ်မျိုးရှိပါ တယ်။
သင်္ကြန်ကာလတစ်ခုလုံးမှာ ပိုမိုဖြစ်ပွားလေ့ရှိတဲ့ မှုခင်း ဆိုတာကတော့ သင်္ကြန်ကာလအတွင်း ရေပက်ကစားရာက ဖြစ်ပွားတဲ့ မှုခင်းတွေ၊ နောက်ပြောင်ကျီစယ်ရာက ခိုက်ရန် ဖြစ်ပွားတဲ့ မှုခင်းတွေ၊ အရက်သေစာသောက်စားမူးယစ်ရာက ခိုက်ရန်ဖြစ်ပွားတဲ့ မှုခင်းတွေ၊ ရေပက်ကစားပျော်ပါးမှုအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမနိုြး<ွကစေတဲ့ ဆေးဝါးများ သောက်သုံးခြင်းနဲ့ တိုက်ကျွေးခံရခြင်းတွေကြောင့် ဖြစ်ပေါ်တဲ့ မှုခင်းတွေနဲ့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု နဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့ မှုခင်းတွေဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်တွေမှာ ရေကစားရာကနေ ရေနစ် သေဆုံးတဲ့ သေမှုသေခင်းတွေလည်း ပိုမိုဖြစ်ပွားလေ့ရှိပါတယ်၊။
မေး။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းအခြေအနေတွေကို သိလိုပါတယ်။
ဖြေ။ ၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ တိရ္ဆာန်ခိုးမှု စတဲ့အမှုကြီးတွေ
အပါအဝင် အမှုပေါင်း ၉၈၁ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၈၅ ဦး၊ ဒဏ်ရာရသူ ၁ဝ၇၃ ဦးရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် သင်္ကြန်ကာလ အတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေအနေနဲ့ ယာဉ်တိုက်မှု ၃၅၇ မှု ဖြစ်ပွားခဲ့ပြီး နာကျင်မှု (ခိုက်ရန်ဖြစ်ပွားမှု) ၁၂၆ မှု ဖြစ်ပွားခဲ့ပါ တယ်။ မှုခင်းတွေဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို သုံးသပ် ရမယ်ဆိုရင် အရက်သေစာသောက်စားမူးယစ်ပြီး အပျော်လွန် ခြင်းကြောင့် အဓိကဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
မေး။ ၂ဝ၁၈ ခုနှစ် သင်္ကြန်အကြိုကာလအတွက် မူးယစ် ဆေးဝါးတွေ မပျံ့နှံ့စေဖို့ ဘယ်လို တားဆီးကာကွယ်သွား
မလဲဆိုတာလည်း ပြောပြပေးပါ။
ဖြေ။ မူးယစ်တပ်ဖွဲ့စု (၅ဝ) ကို နယ်မြေခံရဲတပ်ဖွဲ့၊NGOအဖွဲ့အစည်းတွေ၊ နယ်မြေခံပြည်သူတွေနဲ့ ပူးပေါင်းပြီး
တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်၊ အဓိကအားဖြင့်NGO အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို မူးယစ်ဆေးဝါး အ္တရာယ်အသိပညာပေး ဟောပြောမှုဆောင်ရွက်ခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို သတင်းရယူ စုံစမ်း ဖော်ထုတ်ခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေ မရှိစေရေးအတွက် ရှောင်တခင် လမ်းကြောင်းပိတ်ဆို့ရှာဖွေ ခြင်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မေး။ လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလ အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေကို သိလို
ပါတယ်။
ဖြေ။ ၂ဝ၁၆ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၅၄ မှု၊ အမျိုးသားတရားခံ ၇၃ ဦး၊ အမျိုးသမီး
တရားခံ ငါးဦး စုစုပေါင်း ၇၈ ဦးနဲ့ ဘိန်း တစ်မှု ဝ ဒသမ ၂၂၆ ကီလို၊ ဘိန်းဖြူ ၁၃ မှု ဝ ဒသမ ဝ၈၃၅ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၅ မှု ဆေးပြား ၂ဝ၉၃၉ ပြား၊ ဆေးခြောက် ဝ ဒသမ ဝ၃၂၄ ကီလို၊ အဆင့်နိမ့်ဘိန်း ဝ ဒသမ ဝ၁ဝ၂ ကီလို၊ အိုက်စ် တစ်မှု ဝ ဒသမ ဝ၃၃၂ ကီလို၊ အက်စီတုန်း ၁၇ ဒသမ ၅ ကီလိုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုသော ဆက်စပ်ပစ္စည်း တွေဖြစ်တဲ့ အရိုး မီးသွေး ၅ဝ ကီလို၊ အက်စီတုန်း ၁၇ ဒသမ ၅ လီတာ၊ ကော့စတစ် ၄ဝ ကီလို၊ အက်စစ် တစ်အင်ဟိုက်ဒရိတ် တစ်မှု ၁၆ ပုလင်းနဲ့ အရက်ပြန် ၃ဝ လီတာ တို့ကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ပါတယ်။
၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၇ဝ ၊ အမျိုးသားတရားခံ ၉၄ ဦး၊ အမျိုးသမီးတရားခံ ရှစ်ဦး စုစုပေါင်း ၁ဝ၂ ဦးတို့ကို ဘိန်း နှစ်မှု ၆ ဒသမ ၆ဝ၃ ကီလို၊ ဘိန်းဖြူ ၁၆ မှု ဝ ဒသမ ဝ၄၄၉ ကီလို၊ စိတ်ြ<ွကရူးသွပ်ဆေးပြား ၄၁ မှု ဆေးပြား ၄ဝ၄ဝ၇ ပြား၊ ဆေးခြောက် ငါးမှု ဝ ဒသမ ၂၄၂၄၆ ကီလို၊ ဘိန်းစာမှုန့် တစ်မှု ၇ ဒသမ ၃၇ ကီလို၊ အိုက်စ် သုံးမှု ၉ ဒသမ ဝဝ၃၅ ကီလိုနဲ့ အက်တက်စီဆေးပြား တစ်မှု ၂၁ ပြားကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
မေး။ သင်္ကြန်ပွဲတော်ကာလမှာ ယာဉ်မောင်းသူတွေ လိုက်နာ ရမယ့် စည်းကမ်းတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ယာဉ်မောင်းသူတွေ အဓိကလိုက်နာရမယ့် အချက်တွေ ကတော့ အရှိန်ပြင်း မမောင်းပါနဲ့၊ အရက်သေစာ
သောက်စားပြီး မမောင်းပါနဲ့၊ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း မလုပ်ပါနဲ့၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်း မပြုပါနဲ့၊ မီးပွိုင့်အချက်ပြမှုကို လိုက်နာပြီး မီးနီကို ဖြတ်မမောင်းပါနဲ့၊ ယာဉ်ကြံ့ခိုင်မှုမရှိတဲ့ ယာဉ်တွေကို မမောင်းပါနဲ့၊ အပျော် လွန်ကျူးငေးမောပြီး မမောင်းပါနဲ့၊ ဖုန်းပြောပြီး မမောင်းပါနဲ့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို တိတိကျကျလိုက်နာပြီး မောင်းနှင်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
မေး။ သင်္ကြန်ကာလမှာ မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေ သတိပြုလိုက်နာရမယ့် အချက်တွေကိုလည်း သိလို
ပါတယ်။
ဖြေ။ မော်တော်ဆိုင်ကယ်ဟာ နှစ်ဘီးတပ်ယာဉ်၊ အကာ အကွယ်မဲ့ယာဉ် ဖြစ်ပါတယ်။ သင်္ကြန်ကာလ လမ်းပေါ်
မှာ ဖိတ်စဉ်ကျနေနိုင်တဲ့ စက်ဆီနဲ့ ရေတွေလည်း ရှိနေမှာဖြစ်လို့ အလွယ်တကူ တိမ်းမှောက်နိုင်တဲ့အတွက် အထူးသတိပြု မောင်းနှင်ရမှာဖြစ်ပါတယ်။ အဓိကသတိပြုရမယ့် အချက်တွေ ကတော့ အရှိန်ပြင်းမောင်းနှင်ခြင်း၊ အရက်သောက်စား မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်ခြင်း၊ အရက်သောက်စား မောင်းနှင်ခြင်းနဲ့ ပတ်ဝန်းကျင်ဆူညံ အနှောင့်အယှက်ဖြစ်အောင် အသံထိန်းအိတ်ဇောဖြုတ် မောင်းနှင်ခြင်းတွေကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ ရေပက်ခံထွက်တာ အလွန်အ္တရာယ်များတဲ့အတွက် ဆိုင်ကယ် စီးဦးထုပ်ဆောင်းပါ၊ မေးသိုင်းကြိုးတပ်ပါ၊ နှစ်ဦးထက်ပိုမစီးပါနဲ့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို တိတိကျကျလိုက်နာပါ ကျင့်သုံးပါလို့ တိုက်တွန်းလိုပါတယ်။
မေး။ သင်္ကြန်ကာလမှာ လမ်းလျှောက်ပြီး ရေပက်ခံထွက်သူ တွေ လိုက်နာရမယ့်အချက်တွေကိုလည်း ပြောပြပေးပါ။
ဖြေ။ လမ်းလျှောက်ပြီး ရေပက်ခံထွက်သူတွေ၊ သင်္ကြန် မဏ္ဍပ်လိုက်ကြည့်သူတွေအနေနဲ့ မမျှော်လင့်ဘဲ
ဖြစ်လာနိုင်တဲ့ ယာဉ်အ္တရာယ်ကို သတိပြုကြရမှာဖြစ်ပါတယ်။ စည်းကမ်းမဲ့ မောင်းနှင်တဲ့ကား၊ ဆိုင်ကယ်တွေရှိတဲ့အတွက် လမ်းဘေးပလက်ဖောင်းပေါ်ကနေ သွားလာဖို့ သတိပေးလိုပါ တယ်။ ပလက်ဖောင်းမရှိရင် လမ်းဘေးက လျှောက်ပါ။ ငေးမော ကြည့်ရှုပြီး ဘေးပတ်ဝန်းကျင်ကို သတိမပြုကြရင်တော့ အ္တရာယ်ဖြစ်စေနိုင်ပါတယ်။ လမ်းဖြတ်ကူးရာမှာလည်း မိမိ ကိုယ်တိုင်က ယာဉ်အ္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အသိနဲ့ သတိပြုသွားလာကြဖို့ အသိပေးပြောကြားလိုပါတယ်။ လမ်းဘေးက လမ်းလျှောက်သွားရင် သွားလာနေတဲ့ မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်တွေရဲ့ လားရာနဲ့ မျက်နှာချင်းဆိုင် အနေအထား သွားလာကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ဒါမှလည်း မိမိအ္တရာယ်ကို ကြိုတင်မြင်တွေ့ပြီး ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
မေး။ အခုလာမယ့် သင်္ကြန်ကာလမှာ ယာဉ်မတော်တဆမှု တွေ မဖြစ်အောင် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို
ဆောင်ရွက်ပေးသွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ။ အခုလာမယ့် သင်္ကြန်ကာလမှာ ယာဉ်မတော်တဆမှု တွေ မဖြစ်စေဖို့၊ ပြည်သူတွေ ယာဉ်အ္တရာယ်ကင်းရှင်း
စေဖို့အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရှိကြတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ယာဉ်အ္တရာယ်ဖြစ်ပွားနိုင်တဲ့ လမ်းဆုံ၊ လမ်းခွ၊ မီးပွိုင့်၊ အဝိုင်း ပတ်နေရာတွေမှာ တာဝန်ချထားပြီး ယာဉ်လမ်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်သလို လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ လည်း တာဝန်ချထားပြီး ယာဉ်အ္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်လမ်းရှင်းလင်းရေးနဲ့ လမ်းပိတ်လမ်းလွှဲ ခြင်းတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊w NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မှုတွေရှိရင်လည်း သိလိုပါ
တယ်။
ဖြေ။ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေအတွက် ယာဉ်အ္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်း
ရေး အသိပညာပေးတာတွေကို နေ့စဉ်ဆောင်ရွက် နေသလို သင်္ကြန်ကာလမတိုင်ခင် လေးပတ်ခန့်အလိုကစပြီး စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို စစ်ဆေးအရေးယူသွားမှာ ဖြစ်ပါ တယ်။ တစ်ပြိုင်တည်းမှာပဲ အသိပညာပေးမှုတွေကို ကြိုတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ယာဉ်စည်းကမ်း ဖောက်ဖျက်ပြီး အိတ်ဇောဖွင့်မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်း နှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ နှစ်ဦးထက်ပိုစီးခြင်း၊ မီးနီဖြတ်မောင်းခြင်း စတဲ့ယာဉ်တွေကို အရှိန်အဟုန်မြှင့် စစ်ဆေး အရေးယူသွားမှာ ဖြစ်ပါတယ်။ သတိပေး နှိုးဆော်တဲ့စာ တွေကိုလည်း ပြည်သူတွေသိရှိစေဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းအသိပေး ကြေညာသွားမှာ ဖြစ်ပါတယ်။
မေး။ သင်္ကြန်ကာလအတွင်းမှာ ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားစေဖို့အတွက် အသိပညာပေးဆောင်ရွက်မှု
တွေကို ပြောပြပေးပါ။
ဖြေ။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေ ယာဉ်အ္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊
ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားစေဖို့အတွက် နေ့စဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော မှုတွေ ပြုလုပ်နေသလို သင်္ကြန်ကာလအတွင်း ယာဉ်မတော် တဆမှုတွေ မဖြစ်ပွားစေဖို့အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲတွေအလိုက် သင်္ကြန်မတိုင်မီ တစ်လခန့်အလိုကစပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးမှု၊ ဟောပြောမှုတွေကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်းနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပြီး ညအချိန် Mobile စနစ်နဲ့ အသံချဲ့စက်အသုံးပြုပြီးတော့လည်း ပြည်သူတွေကို အသိပညာပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သတင်းအဖွဲ့(မြန်မာ့အသံ)
No comments:
Post a Comment