Latest News

Friday, April 20, 2018

ဧရာဝတီတိုင်းတွင်း ပေ ၉၀၀ ကျော်အရှည်ရှိ ကျေးရွာချင်းဆက် ကြိုးတံတား ပထမဆုံးစတင်အသုံးပြု

ဧရာဝတီတိုင်းတွင်း ပေ ၉၀၀ ကျော်အရှည်ရှိ ကျေးရွာချင်းဆက် ကြိုးတံတား ပထမဆုံးစတင်အသုံးပြု

ပန်းတနော်၊ ဧပြီလ ၂၀ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ပထမဆုံး အနေဖြင့် ကျေးရွာချင်းဆက် ကြိုးတံတားအား ပန်းတနော်မြို့နယ်ရှိ ကဇင်းငူကျေးရွာနှင့် သမိုင်းကျေးရွာကို အရှည် ၉၁၃ ပေရှိ ကြိုးတံတားဖြင့် စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

ကဇင်းငူကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာနှင့် ပန်းတနော်မြို့ကို ဆက်သွယ်ပေးထားသည့် ကြိုးတံတားဖြစ်ပြီး ကျေးရွာပြည်သူများမှ ကျပ်သိန် ၂၅၀ နှင့် နိုင်ငံတော်မှ ကျပ်သိန်း ၇၀ အကုန်ကျခံကာ တည်ဆောက်ထားသော တံတားဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကြိုးတံတားဖြစ်မြောက်ရေးကော်မတီဝင် ဦးဖိုးထိန်မှ “စက်ဘီး ဆိုင်ကယ်နဲ့ လူပဲသွားလို့လာလို့ရပေမယ့် နောက်ပိုင်း ကျေးရွာ မီးလင်းရေးတွေ ဖြစ်လာရင်တော့ ဒီဒေသတစ်ခုလုံးအတွက် အားကိုးရမယ့် တံတားတစ်စင်းဖြစ်လာမှာပါ တည်ဆောက်တာတော့ ဒေသခံတွေနဲ့ အင်ဂျင်နီယာနှစ်ဦးပါဝင်တဲ့ အဖွဲ့ပေါင်းပြီး တည်ဆောက်ထားတာပါ"ဟု ပြောသည်။

အဆိုပါကြိုးတံတားကို ၂၀၁၄ ခုနှစ်မှ ချဉ်းကပ်လမ်း စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၈ ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီတံတားကြီးပြီးသွားတော့ ဒေသတွင်းပြည်သူတွေ  ကျန်းမာရေး စီးပွါးရေး လူမှုရေး ကအစ ကလေးတွေရဲ့ ပညာရေးတွေအတွက်ပါေ်တော်အထောက်အကူပြုပါတယ်" ဟု ကဇင်းငူကျေးရွာဒေသခံ ဒေသခံဦးဝင်းအောင်ကပြောသည်။

ကဇင်းငူကျေးရွာအုပ်စုသည် ပန်းတနော်မြို့နှင့် ၂ မိုင်ခန့်ကွာဝေး သည့် ကျေးရွာအုပ်စုဖြစ်သဖြင့် ကြိုးတံတားနှင့် အတူ ၂ မိုင်ခန့်ရှည်သည့် ကွန်ကရစ်လမ်းကိုလည်းဖွင့်လှစ်အသုံးပြု နေပြီဖြစ်ကြောင်း သိရှိရသည်။
တန်ခူး(တိုင်းဧရာ)
ဓာတ်ပုံ - တန်ခူး

No comments:

Post a Comment