Latest News

Friday, April 20, 2018

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ

နေပြည်တော် ဧပြီလ ၂၀

နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက် ရှိသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှ (၁၉)ရက်နေ့အထိ တာချီလိတ်နယ်စပ်ဝင်/ ထွက်ပေါက် မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၁၆၂၄၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၁၆) ဦး၊ ဗီဇာဖြင့် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစု ပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၉) ဦးရှိသည်။

နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသား ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည်ပတ်ကြသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ၀တ်အင်း ကျောင်း၊ စွန်တောင်ေ စတီ၊ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေးစေတီ စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်အရေ အတွက် မှာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဧပြီလ (၁၃) ရက်နေ့မှ ဧပြီလ(၁၉) ရက်နေ့အထိ နေ့ချင်းပြန်ခရီးသည် စုစုပေါင်း မှာ (၄၀၁၅၅) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း (၄၉၇)ဦး နှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတဆင့် လေယာဉ် ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၅၂၂) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Ref; ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ပိုတို ​ကြေးမှုံ 

No comments:

Post a Comment