°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော်တို့များတက္ကသိုလ်တက်စကပေါ့ ကားဆိုတာဝေးလို့.ဆိုင်ကယ်တောင်ဆယ်ယောက်..တစ်ယောက်မပါ..စက်ဘီးလေးတွေနဲ့..ကျောင်းတက်ခဲ့ဘူးတယ်..ဒါပေမယ့်..ဂုဏ်ငယ်စရာမကောင်းခဲ့ဘူး..သွားလိုရာကိုသူငယ်ချင်းအဖွဲ့လိုက်ကြီးသွားနိုင်ခဲ့ကြတယ်..အပြစ်ကင်းစင်တဲ့ဆယ်ကျော်သက်ဘ၀ပျော်ရွှင်မှုတွေရရှိခဲ့ကြတယ်
တို့်များ တက္ကသိုလ်တက်စဉ်ကပေါ့ကွယ်.. အခုလိုဖုန်းတွေလူတန်းစားမရွေးကိုင်နိုင်ဖို့နေနေသာသာ ကီးပတ်ဖုန်းလေးကိုင်နိုင်သူဟာ အကောင်ပဲ ခပ်ကြီးကြီးအကောင်ပေါ့ တစ်လတစ်လ ဖုန်းဘီလ်က သိန်းကျော်ကြကြောင်း ကြားမိတော့.. ရင်တောင်တုန်တဲ့အခိုက်အတန့် ရှိခဲ့ဘူးတယ် ကိုယ်နဲ့ဖုန်းနဲ့..ခုလိုလက်ပွန်းတတီးရှိမယ်လို့စိတ်ကူးမယဉ်ခဲ့ဖူးဘူး ..ကီးပတ်ဖုန်းတလုံးရဲ့ ..ဖန်ရှင်တေဟာလည်းနက်နဲရှုပ်ထွေးလိုက်တာ သီချင်းလည်းနားထောင်.. Alarmလည်းပေးရ တယ်ဟုတ်သကိုး..အဲ့အချိန်mp3လေးနဲ့ကျေနပ်ခဲ့ကြတယ်
အ၀တ်အစားဆိုလို့ခုလိုပလူပျံအောင်လည်းမ၀တ်နိုင်သလို ခုလိုfashion shopတွေလည်းသိပ်မရှိဘူးရယ်.. တပတ်လုံးအဝတ်အစားမထပ်ဘဲဝတ်နိုင်ရင်ဆရာဘဲ Giordano က ပစ္စည်းဝတ်နိုင်ကိုင်နိုင်ရင် လျော့တွက်လို့မရတဲ့သူထဲပါသွားရော ခုခေတ်လို brandတွေပလူပျံကြသေးဘူးလေ..ဦးထုပ်လေးတွေ ..ခေါက်ပိုက်ဆံအိတ်လေးတွေ အကျီ်မှာ Giordanoဆိုတဲ့တံဆိပ်နဲ့အကျီ်လေးတွေဝယ်ဝတ်ခဲ့ကြဘူးတယ် ရီစရာလည်းကောင်းချစ်စရာလည်းကောင်းတယ်
schollဖိနပ်စီးတဲ့သူတကျောင်းလုံးပေါင်... ၆ယောက်လောက်ရှိတယ် မရီကြနဲ့ တကယ်စီးထားတဲ့သူတွေများ မြောက်ကြွားမြောက်ကြွားနဲ့ ဟန်ရေးပြကြရတာအမော လူရှိန်တယ်လေ ကိုယ်လည်းစီးချင်လွန်းလို့အိမ်တောင်မက်တယ်.ကျူရှင်ဖိုးလေးတွေလိမ်ပြီးပိုတောင်း မုန့်မစား အပြင်မထွက်စုလိုက်ရတာ..တလလောက်ကြာမှစီးန်ုင်တယ် အဲ့အချိန်ကြစီးတဲ့သူတော်တော်တောင်များနေပြီ ပထမဆုံးစီးတဲ့သူတွေကမကြိုက်ကြဘူးရယ် ရီစရာကောင်းတဲ့တကယ့်အဖြစ်အပျက်လေးတွေပေါ့
. တနင်္ဂနွေနေ့ဆိုသူငယ်ချင်းတွေအိမ်ကကြော်လှော်ပေးတဲ့ဟင်းဘူးလေးတွေနဲ့ စုပြီးပြန်ကြတယ် အဆောင်ရောက်ရင် ၂ရက်သုံးရက်တော့ အပြင်စာလွတ်တယ် အဆောင်မှာစုစားတဲ့သူငယ်ချင်းတွေနဲ့ထမင်းဝိုင်းလေးဟာ ..ခုတော့သိပ်လွမ်းစရာကောင်းတယ် သူငယ်ချင်းတယောက်အမေဆိုလက်ရာသိပ်ကောင်းတယ်..သူ့ဟင်းတွေကအရင်ကုန်တယ် နောက်နေ့တွေဆို လမ်းထိပ်ဟင်းဆိုင်လေးကိုအလှည့်ကျ ဟင်းသွားဝယ်ရတယ်
အခုဆို အပြင်မှာပဲစားကြတဲ့ကျောင်းသားကျောင်းသူလေးတွေမြင်တော့ ကိုယ်တွေတုန်းကအချိန်တွေဟာသိပ်စည်းလုံးခဲ့နွေးထွေးခဲ့ကြောင်း ပီတိဖြစ်မိတယ်
...eye liner မဆိုးအိုင်းရှဲဒိုးမခြယ်👀👀 ပုံမှန်သနပ်ခါးလေးအသင့်တင့်လောက်နဲ့လှနေကြတာပဲ ခုခေတ်တော့ဘယ်တိုးပေါက်တော့မလည်းနော် ခုလိုအဆင့်မြင့်ဖုန်းတွေမရှိသေးတော့ ဓာတ်ပုံများရိုက်ချင်ပြီဆိုရင် သူငယ်ချင်းတွေစုပြီး အလှပြင်ပြီး ဓာတ်ပုံဆိုင်သွား.. အလှဓာတ်ပုံရိုက်ရတာလေခုအဲ့ပုံတေမပြတော့ဘူး ရီချင်လို့အဲ့တုန်းကတော့တော်တော်လေးလှတယ်လို့ကိုမြင်ခဲ့တာ ဆံပင်ဖြောင့်စင်းစင်းကြီးတွေနဲ့ ခုလိုအစားအသောက်စုံပလုံစိအောင်လည်းမရှိဘူး ကမ်းနားကဝက်သားဒုတ်ထိုးရယ် ရှမ်းခေါကိဆွဲလောက်မုန့်ဟင်းခါးလောက်ကိုတပ်တပ်မက်မက်စားဘူးတယ်လေတခါတလေ နောင်ရိုးဆိုင်မပြောင်းခင်က Tea သောက်တဲ့အခါမျိုးလည်းရှိပ...အော်အခုခေတ်ကျောင်းသား သူလေးတွေ ရီချင်လောက်တယ်နော် မနက်စာဆို ကန်တင်းက ထမင်းကြော်သုပ်နဲ့ကော်ဖီအေးကမူပိုင်ခွင့်ယူထားတယ်...ညဈေးကအကင်လညိးအဆောင်ကလူကြုံရှိရင်အသည်းအသန်မှာစားရတာအမောပါဆို အင်တာနက်မသုံးရဘူးလို့တော့လျော့မတွက်လိုက်နဲ့နော်ဖုန်းတွေမရှိပေမယ့်..အင်တာနက်ဆိုင်မှာ member၀င်ပြီးသုံးခဲ့ရတဲ့အခိုက်အတန့်ရှိခဲ့ဘူးတယ် gmail..အကောင့်လေးတွေစာရွက်မှာရေးထားရသေးတယ် psမေ့မှာစိုးလို့ကွန်ပျူတာဟိုနှိပ်ဒီနှိပ်နဲ့ လက်ကွက်ကလည်းကျွမ်းချက် typing တလုံးရိုက်ဖို့အရေး ပြူးပြဲရှာနေရတာမောရောတချို့ကျ သူတို့ကျွမ်းကြောင်းတဖြောင်းဖြောင်းနဲ့ enterကြီးကိုခပ်ပြင်းပြင်းခေါက်ရတာအမော..အမြင်ကတ်ထှာ..ကိုယ်တေကအဲ့လိုဆိုရှက်လို့ ကိုယ်လုံးကြီးကွယ်ကွယ်ပြီး စာလုံ့းတေရှာရတာအင်တာနက်ဆိုင်ကထွက်လာရင် ကွက်ကြည့်ကွက်ကြည့်နဲ့ ခေတ်မှီတယ်ပေါ့လေ လူရှိန်ချက်ကတော့
ပြောရရင်အများကြီးပါဘဲလေ...အခုနှစ်နဲ့နောက်နှစ်တောင်မတူဘူးဆိုတော့ ဆယ်နှစ်လောက်တောင်ဝေးကွာသွားပြီဘဲ..အဆောက်အအုံအသစ်တွေ ..ဆိုင်သစ်တွေ တိုးတက်လာတဲ့ခေတ်စနစ်တွေရယ်ကြောင့် ကိုယ်တေခေတ်နဲ့ယှဉ်လိုက်ရင်အများပြီးခြားနားခဲ့ပြီ...ဒါပေမယ့် တခါမှကိုယ်ကျောင်းတက်ခဲ့ရတဲ့အချိနိတွေအပေါ်မကျေနပ်ခဲ့တာမျိုးမရှိခဲ့ဘူးဘူးပြန်တွေးလိုက်ရင်လွပ်လပ်ပျော်ရွှင်မှုတွေဆွတ်ပျံ့နေဆဲ..သူငယ်ချင်းအားလုံးကိုသတိရဆဲပါ..အပြိုင်ဆိုင်ကင်းတဲ့ တပ်မက်စရာတွေကင်းတဲ့ ဂုဏ်ဆိုတဲ့အရာတွေများများစားစားမရှိသေးတဲ့ အဝေးကြီးမရောက်သေးတဲ့ခေတ်တခုမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဘ၀ကိုရရှိခဲ့လို့ကျေနပ်မိပါရဲ့ ..အကြောင်းအမျိုးမျိုးအခြေအနေအမျိုးမျိုးကြောင့်ဝေးကွာနေသောသူငယ်ချင်းတွေအားလုးအတွက်ပါ..
သူငယ်ချင်းတို့ရေ ဟိုးအရင်တို့ရှေးရှေးက စီနီယာအစ်ကိုအစ်မတွေခေတ်မှာရော တို့ခေတ်မှာရော ခုခေတ်မှာရော ပြောင်းလဲမှုတွေကြားကမပြောင်းလဲတဲ့အရာတွေရှိခဲ့တယ်နော်...ရာဇ၀င်များရဲ့သတို့သမီးလို့တင်စားရတဲ့...တဲ့ဧရာဝတီရယ် တဘက်ကမ်းနဲ့ဆက်သွယ်ပေးတဲ့ ပုသိမ်ကြိုးတံတားကြီးရယ် ရွှေမုဌောဘုရားကြီးရယ် ရေကြည်ဦးဘုရားရယ် နှီးဘုရားရယ် ငွေဆောင် ချောင်းသာကြီးရယ် ဘယ်တော့မှမပြောင်းလဲမယ့် သဘာဝတရားတွေနဲ့ ကန်သုံးဆင့်ကရေ တို့ကို သာတူညီမျှရရှိခဲ့ကြတယ်လေ ....အရမ်းကျေနပ်စရာအပြစ်ကင်းစင်လှတဲ့ဘ၀လေးကိုသူငယ်ချင်းတို့လည်းတွေးမိကျေနပ်မိကြပါစေ.............
တစ်ခုကျန်ခဲ့တယ်. . . . .
အတွဲသွားချောင်းကြတာ ပျော်စရာကြီး `အဟိ´
#ခပ်TTပဲ
Alwan Karyan
Photo credit-Pathein city news
No comments:
Post a Comment