အမျိုးသမီးများပါဝင်သော ဖဲဝိုင်းအား ဖမ်းဆီးရာမှ
ငွေကျပ် ၁၆ သိန်းကျော်နှင့် ဆိုင်ကယ်ရှစ်စီး ဖမ်းဆီးရမိ
အုတ်တွင်း ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ၏ တာဝန်ပေးမှုဖြင့် အုတ်တွင်းမြို့မရဲစခန်းနှင့် ညောင်ခြေထောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ဝ ရက် ညနေ ၅ နာရီခန့်က တောထဲ တွင် ဖဲရိုက်လောင်းကစားဝိုင်းပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၂၄/၆)နှင့် (၁၂၄/၇)အကြား အဖွဲ့များခွဲ၍ရှာဖွေခဲ့ရာ ကားလမ်းအနောက်ဘက် တစ်ဖာလုံခန့်တွင် ရွက်ဖျင်တဲထိုးကာ ဖဲရိုက်လောင်းကစားမှုပြုလုပ်နေသော စန်းစန်းဝင်း(၃၁)နှစ်၊ အရှေ့ရွာ အမှတ်(၅)ရပ်ကွက် ကျွဲပွဲမြို့နေသူအား လက်ကိုင် ပိုက်ဆံအိတ်အတွင်းမှ လောင်းကြေးငွေကျပ် ၇ဝ၅၇၅ဝ ဖြင့် လည်းကောင်း၊ ဒေါ်မြသက်မွန် (၅ဝ)နှစ် အလယ်ရွာ ကျွဲပွဲမြို့နေသူအား ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၄ဝဝဝဝဝ ဖြင့်လည်းကောင်း၊ ပုလဲဖြူ(၃၉)နှစ် ကျင်းကြီးပိုင်း ရပ်ကွက် ကျွဲပွဲမြို့နေသူအား ဖုန်းရေစိုခံပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ငွေကျပ် ၅၃၆ဝဝဝ ဖြင့်လည်းကောင်း၊ တင်စိုး(၅၂)နှစ် ခင်ကြီးပိုင်းရပ်ကွက် ကျွဲပွဲမြို့နေသူနှင့် တစ်ရပ်ကွက်တည်းနေ ဝင်းအောင် (၅၅)နှစ်၏ အိတ်ကပ်အတွင်းမှ ငါးထောင်ကျပ် တန်တစ်ရွက် စုစုပေါင်းငွေကျပ် ၁၆၄၆၇၅ဝ နှင့်အတူ နှစ်ချပ်တွဲပိုက်ဖျာလေးချပ်၊ ဖဲချပ် ၅၂ ချပ်၊ ဆိုင်ကယ်မျိုးစုံရှစ်စီး တို့အား သိမ်းဆည်းရမိခဲ့ရာ ညောင်ခြေထောက် နယ်မြေရဲစခန်းမှ လောင်းကစား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Tuesday, April 24, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment