ရခိုင်ပြည်နယ်၌ သင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးရဲတပ်ဖွဲ့ဝင်အင်အား ၁၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်
စစ်တွေ ဧပြီ ၁ဝ
''ရခိုင်ပြည်နယ်မှာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်သူအများ အေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးနဲ့ မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့ နယ်မြေလုံခြုံရေးကို တပ်ဖွဲ့ဝင် အင်အား ၁၂၉ဝ ကျော်နဲ့ အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း စည်းသုံးစည်းနဲ့ လုံခြုံရေးဆောင်ရွက်သွား မှာပါ''ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
ထို့ပြင် ''အဝေးစည်းလုံခြုံရေးမှာ သက်ဆိုင်ရာတပ်မတော် တိုင်းစစ်ဌာန ချုပ်က ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်၊ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ၊ အရန် မီးသတ်တပ်ဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ''ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။
၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ် အနေဖြင့် ခရိုင်၊ မြို့နယ် အသီးသီးတို့တွင် မဏ္ဍပ်ကြီး နှစ်ခု၊ မဏ္ဍပ်လတ် ၁၅ ခု၊ မဏ္ဍပ်သေး ၂၄ ခု စုစုပေါင်းမဏ္ဍပ် ၄၁ ခု တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူ လူထု အေးချမ်းပျော်ရွှင်ပြီး ဘေး အ္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေး အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အသီးသီးတွင် ကွပ်ကဲမှုရုံးပေါင်း ၁၇ ခု ဖွင့်လှစ်ဆောင်ရွက် ထားရှိမည်ဖြစ် ကြောင်း သိရသည်။
''သင်္ကြန်ကာလရဲ့ အကြိုကာလဖြစ် တဲ့ ဧပြီ ၁ ရက်ကစတင်ပြီး မှုခင်းတွေ မဖြစ်ပွားဖို့ နယ်မြေတည်ငြိမ်အေးချမ်း သာယာဖို့နဲ့ အဖျက်အမှောင့်လုပ်ငန်းတွေ မဖြစ်ပေါ်စေဖို့ ကြိုတင်ပြီး သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ထားပါ တယ်၊ ရဲတပ်ဖွဲ့အနေနဲ့လည်း နေ့စဉ်နဲ့ အမျှ လှည့်ကင်းတွေဆောင်ရွက်နေပါ တယ်၊ အချက်အချာကျတဲ့နေရာတွေမှာ လည်း စောင့်ကြည့်ကင်းတွေ ချထားပြီး ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ် ကိုလည်း နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၇ဝဝ ကျော်နဲ့ ဆောင်ရွက်နေ ပါတယ်၊ သင်္ကြန်ကာလမတိုင်မီ၊ သင်္ကြန် ကာလ၊ သင်္ကြန်ကာလနောက်ပိုင်း ဆိုပြီး သုံးကြိမ်ခွဲပြီး ဆောင်ရွက်နေပါတယ်၊ အမျိုးသမီးငယ်တွေ သင်္ကြန်ကာလ အတွင်း မဖြစ်သင့်တာတွေမဖြစ်အောင် သင်္ကြန်ကာလအတွင်း ကာမစိတ်ြ<ွက ဆေးတွေ ရောင်းချမှုမရှိအောင် ဖမ်းဆီး စစ်ဆေးမှုတွေလုပ်နေပါတယ်၊ ဒါ့အပြင် ခရိုင်၊ မြို့နယ်များအတွင်းမှာ အရက်ပုန်း ဆိုင်တွေ လိုက်လံစိစစ်ဖမ်းဆီးတာတွေ လုပ်ပါတယ်၊ ညဘက်တွေမှာ မှောင်ရိပ် ခိုတာတွေ၊ အချိန်မတော် သွားလာတာ တွေကို ရဲတပ်ဖွဲ့အနေနဲ့ စောင့်ကြည့်ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူတာတွေ ရှိပါတယ်၊ ဒါတွေဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမယ်ဆိုရင် ဒီထက် လုံခြုံစိတ်ချရမှာ ဖြစ်ပါတယ်၊ မေတ္တာရပ်ခံချင်တာကတော့ ပတ်ဝန်း ကျင်မှာ ထူးခြားမှုရှိရင် ရဲတပ်ဖွဲ့ဝင်များကို အချိန်မရွေးအကြောင်းကြားပေးစေချင် ပါတယ်''ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ လာရောက်ပါက အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်း လုံခြုံရေးကို တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၅ဝ ဖြင့် လည်းကောင်း၊ လူပုဂ္ဂိုလ်လုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၃ ဦးဖြင့် လည်းကောင်း၊ ယာဉ်တန်းလုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၃၆ ဦးဖြင့် လည်းကောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်
ဓာတ်ပုံ-နိုင်လင်း
Tuesday, April 10, 2018
ရခိုင်ပြည်နယ်၌ သင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးရဲတပ်ဖွဲ့ဝင်အင်အား ၁၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်
ရခိုင်ပြည်နယ်၌ သင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးရဲတပ်ဖွဲ့ဝင်အင်အား ၁၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်
Reviewed by Ar Ti
on
6:06 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment