Latest News

Tuesday, April 10, 2018

ချင်းတွင်းသင်္ကြန်ရေကစားကမ်းခြေအား အပန်းဖြေစခန်းအဖြစ်ခွင့်ပြုမည်

ချင်းတွင်းသင်္ကြန်ရေကစားကမ်းခြေအား  အပန်းဖြေစခန်းအဖြစ်ခွင့်ပြုမည်

မုံရွာ ဧပြီ ၉

ချင်းတွင်းသင်္ကြန် သဲသောင်ပြင်ကမ်းစပ်
တစ်လျှောက် ဖော်ဆောင်ထားသောရေချိုး ရေကစားကမ်းခြေကို သင်္ကြန်အပြီးတွင်
လည်း အပန်းဖြေစခန်းအဖြစ် ဆက်လုပ်လို
လျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကိုင်း
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့် နိုင်က ဧပြီ ၉ ရက် နံနက်ပိုင်းက လာရောက်
ကြည့်ရှုစဉ် မီဒီယာများကိုပြောကြားသည်။

''သဲသောင်မှာ ချင်းတွင်းသင်္ကြန်လုပ်ပြီ
ဆိုမှတော့ နောက်မဆုတ်ဘူး၊   မလုပ်ရင်
အရှင်းပဲ၊ အောင်မြင်အောင် ဆက်လုပ်သွား
မှာပါ၊ တွေဝေနေတာတွေမရှိဘူး၊  ဘယ် လောက်လိုတယ် ဘာတွေလိုတယ်ဆိုတာကို
ဒါပထမဆုံး ကွင်းဆင်းကြည့်တာပဲ၊  အခု
လောက်ဖြစ်နေတာကို ကျေနပ်လှပြီ၊  ဒါကို
ဒီအတိုင်းပဲ သင်္ကြန်ပြီးရင် အပန်းဖြေစခန်း
အဖြစ် ဆက်လုပ်ချင်ရင် လုပ်ဖို့ခွင့်ပြုမှာပါ၊  ရေရှည်ပေါ့၊  စစ်ကိုင်းတိုင်းဒေသကြီးထဲ
က မြစ်သဲသောင်တွေ အများကြီးရှိတယ်၊
ဧရာဝတီ၊ ချင်းတွင်း၊ မူးမြစ်စသဖြင့်ပေါ့၊
အပန်းဖြေစခန်းတွေ   လုပ်ရကောင်းမှန်း
မသိကြသေးဘူး'' ဟု ဝန်ကြီးချုပ် ဒေါက်တာ
မြင့်နိုင်က ပြောသည်။

မုံရွာ သဲသောင်ချင်းတွင်းသင်္ကြန် ကမ်းခြေ
တစ်လျှောက် ရေလာချိုးသူ၊ ကစားသူ၊ အပန်း
ဖြေကြသူများဖြင့် တစ်နေကုန်စည်ကား
နေကာ စားသောက်ဆိုင်များ၊ ဆိုင်ကယ်အပ်
လက်ခံရာဌာနများတွင် ဆိုင်ကယ်စီးရေ
အများအပြားကို လူမှုကူညီရေးအသင်း
ငါးသင်းက လက်ခံစောင့်ရှောက်ပေးနေသည်
ကို တွေ့ရသည်။ သဲသောင်ရေချိုးကမ်းစပ်
အနီးရှိ စားသောက်ဆိုင်များအနေဖြင့် စား
သောက်ဖွယ်ရာများအပါအဝင်    ရေ ကစားရာတွင်သုံးရန်   ဘောကွင်းများကို
အခကြေးငွေဖြင့် ငှားရမ်းရန်ပြင်ဆင်နေကြ
ပြီဖြစ်သည်။

''ဗဟိုမဏ္ဍပ်နဲ့လိုအပ်တဲ့ သယ်ယူပို့ဆောင် ရေးယာဉ်၊ ချက်ပြုတ်ရေး၊ လုံခြုံရေး၊ ပြန်ကြား
ရေးအတွက် မော်တော်ယာဉ်တွေ အဆင်
သင့်ဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်၊   ယာဉ်မတော်တဆမှု  မဖြစ်ပွား
ရအောင် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး အဖွဲ့အစည်းတွေ၊ က-ည-နနဲ့ မ-စ-က အဖွဲ့တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ ရဲ
တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့
ပူးပေါင်းလုပ်ဆောင်သွားဖို့   စီစဉ်ထားပါ တယ်၊ ဗဟိုမဏ္ဍပ်နဲ့ လူစည်ကားရာမှာ စက်
ချွတ်ယွင်းတဲ့ယာဉ်တွေကို လမ်းကြောင်း
ရှင်းလင်းရေးအတွက် ပူးပေါင်းဆောင်ရွက်
သွားမှာဖြစ်ပါတယ်''ဟု   စစ်ကိုင်းတိုင်း
ဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ ဆောင်ရေးညှိနှိုင်းမှုဦးစီးဌာနမှူး ဦးတင်စိုး က ပြောကြားသည်။

သင်္ကြန်ကာလ    ရေကစားရာတွင်
သတ်မှတ်ထားသော ရေကစားကွင်းနေရာ
ငါးနေရာတွင် ရေများလုံလောက်စွာရရှိနိုင်
ရန်အတွက် စက်အကြီး၊ အသေးများသုံးကာ
မြစ်ထဲမှရေများစုပ်တင်ကာ ဖောဖောသီသီ
ရေကစားနိုင်ရန် စီစဉ်ထားကြောင်း စစ်ကိုင်း
တိုင်းဒေသကြီး စည်ပင်သာယာညွှန်ကြား
ရေးမှူး ဦးသစ်ထူးမြင့်ထံမှ သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment