ပုသိမ်မြို့တွင် မြို့ဝင်ဘီးခွန် ကောက်ခံနေခြင်းသည် စည်ပင်သာယာရေး ဥပဒေအရကောက်ခံနေခြင်းဖြစ်သည် ဟုစည်ပင်ဝန်ကြီးပြောကြား
ပုသိမ် ဧပြီ ၂၄ရက်
ပုသိမ်မြို့ထဲသို့ ဝင်ရောက်သောယာဉ်များ ရပ်နားထားသောယာဉ်များကို မြို့ဝင်ဘီးခွန်ကြေးအဖြစ် ကောက်ခံနေခြင်းသည် စည်ပင်သာယာရေး ဥပဒေအရ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီးဦးကျော်မြင့်ကပြောကြားခဲ့သည်
ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယခုလိုကောက်ခံဖို့အတွက် လေးလံတင်စနစ် ပြုလုပ်ခဲ့ရာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး ရရှိသွားခဲ့ပြီး ၆လကို သိန်း၄၁၅သိန်းလေးလံအောင်ခဲ့ကြောင်း သိရပါတယ်
ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်ခံ သည့်လုပ်ငန်း၃၉မျိုးရှိရာ ၎င်းလုပ်ငန်းမှရ ရှိသည့်အခွန်ငွေများအား ပင်စင် စား လခများ ဝန်ထမ်းလခများ နှင့်စည်ပင်လုပ်ငန်းရေးရာကိစ္စများတွင်အသုံးပြုကြောင်း စည်ပင်ဝန်ကြီးထံမှသိရသည်
"အရင်က ကုမဏီတစ်ခုကလေးလံအောင်တာ အဲတုန်းက စည်ပင်သာယာရေးဘီးခွန်ကောက်တဲ့အဖွဲ့နဲ့တိုးဂိတ်မှာရောကောက်ကြတယ် ခုကလုပ်ငန်းရှင်တစ်ဦးလေးလံအောင်သွားတော့ရောကောက်ခံခွင့်မရှိတော့ပါဘူး အဲတော့ စည်ပင်သာယာရေးဘီးခွန်ကောက်တဲ့ ဂိတ် သက်သက်ထားရှိပြီးသူအစီအစဉ်နဲ့သူကောက်ခံနေကြတာပါ"ဟုဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီးဦးကျော်မြင့်ကတိုင်းဧရာကိုပြောသည်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှာ ဘီးခွန်ဆောင်ထားသည့်ကပ်ပြားများပါရှိပါက မြို့ဝင်ဘီးခွန်ကြေးပေးဆောင်ရမှာမဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်
"ကျွန်တော်တို့ကစစကောက် တုန်းက ၅တန်အထက် ယာဉ် ၁၀၀၀ ၃တန်မှ ၅တန် ၆၀၀ ၁တန်မှ ၃တန် ၄၀၀ ၁တန်အောက်ယာဉ် ၂၀၀ဆိုင်ကယ်က၂၀၀ ထော်လာဂျီက၂၀၀ ဆိုပြီး သူတန် နဲ့သူ ကောက် တာာပါ ဆိုင်ကယ်ကိုခုဆို၁၀၀ပဲကောက်ပါတော့တယ် "ဟု ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လေလံရ ရှိထားသည့်ဦးသန့်ဇင်က တိုင်းဧရာကိုပြောသည်
စည်ပင်သာယာရေးဘီးခွန်ကောက်တဲ့အဖွဲ့များက ပုသိမ်မြို့အဝင်လမ်း ချောင်းသာအဝင်လမ်း ငွေဆောင်အဝင်လမ်းများဖြစ်ပြီးကျန်နေရာများတွင်ကောက်ခံနေသည့်အဖွဲ့မှာ လေလံအောင်တဲ့လုပ်ငန်းရှင်ဦးသန့်ဇင် တို့အဖွဲ့များဖြစ်ကြောင်းသတင်းရ ရှိသည်
သတင်း=ဓာတ်ပုံ ရွှေရည်ဝင်း (တိုင်းဧရာ)
Wednesday, April 25, 2018
ပုသိမ်မြို့တွင် မြို့ဝင်ဘီးခွန် ကောက်ခံနေခြင်းသည် စည်ပင်သာယာရေး ဥပဒေအရကောက်ခံနေခြင်းဖြစ်သည် ဟုစည်ပင်ဝန်ကြီးပြောကြား
ပုသိမ်မြို့တွင် မြို့ဝင်ဘီးခွန် ကောက်ခံနေခြင်းသည် စည်ပင်သာယာရေး ဥပဒေအရကောက်ခံနေခြင်းဖြစ်သည် ဟုစည်ပင်ဝန်ကြီးပြောကြား
Reviewed by Ar Ti
on
6:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment