Latest News

Wednesday, April 25, 2018

မုန်းလို့ရရင်မုန်းချင်တယ် နှင့် အနုပညာရှင်များ

မုန်းလို့ရရင်မုန်းချင်တယ် နှင့် အနုပညာရှင်များ

ဖြစ်လေ့ဖြစ်ထရှိသည့် ဘဝများအတွင်းမှ ဇာတ်လမ်းရိုးရိုး တစ်ပုဒ်ကို   ဂီတအခြေခံကာ  ရိုက်ကူးတင်ဆက်ထားသည့် ''မုန်းလို့ရရင် မုန်းချင် တယ်'' ရုပ်ရှင်ဇာတ်ကားကို ယခုလ ၂၇ ရက်တွင် မြန်မာပြည်အနှံ့ ရုံတင် ပြသသွားမည်ဟု သိရသည်။

ယင်းဇာတ်ကားကို ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ် ရိုက်ကူးပြီး ဇာတ်လမ်း သက်ဦးမောင်၊ ဇာတ်òန်း မြမြင့်မိုရ်၊ မိုးနီလွင် တို့က ပုံဖော်ထားပြီး  ဒါရိုက်တာ အောင်ဇော်လင်း ဖန်တီးရိုက်ကူးကာ  သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊ မင်းဦး၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်နှင့် အနုပညာရှင်များစွာ   ပါဝင် သရုပ်ဆောင်ထားကြကြောင်း သိရသည်။

မင်းဦး
ရိုက်ကူးခဲ့တာ လေးနှစ် လောက်ကြာပြီ။    ဒါပေမယ့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော် အခုထိ ရင်ခုန်တုန်း ပါပဲ။ ဒီကားထဲမှာ ဦးဝေလွင် နေရာကနေ   ပါဝင်သရုပ်ဆောင်ထားပါတယ်။  ဇာတ်ကားက ဂီတကို အခြေခံပြီး ရိုက်ထားတယ်။  ဒါပေမယ့်တစ်ဖက်မှာ  နှစ်ယောက်တစ်အိမ် ထောင်  ဘဝကို ထူထောင်ခဲ့ပြီး  ဝါသနာနဲ့ စားဝတ်နေရေးအကြား မညီ မျှတဲ့အခါ ပကာသနတွေကပဲ ချစ်ခြင်းမေတ္တာတွေကို ဝေးကွာသွား စေသလားဆိုတာကို ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ စိတ်ဝင် စားဖို့ကောင်းသလို အားပေးကြပါဦးလို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်။

အကယ်ဒမီနေတိုး
ကျွန်တော်က  အဆိုတော်၊  သီချင်းရေးဆရာပေါ့။ တေးရေးဆရာ တစ်ယောက်ရဲ့ဘဝကို လုပ်တယ်။ ဒီဇာတ်ကား မရိုက်ခင်ကတည်းက အပြင်မှာ တေးရေးဆရာတွေရဲ့အကြောင်းကို သေချာလေ့လာဖြစ်တယ်။ ဇာတ်ကားထဲမှာ တေးရေးဆရာတစ်ယောက်ရဲ့ အိမ်ထောင်ရေး၊ နေတာ ထိုင်တာကအစ လေ့လာရတာပေါ့နော်၊ အဲ့လိုလေ့လာပြီးမှ ရိုက်တာပါ။ ဒီကားက ဒရာမာ အမျိုးအစားဆိုတော့ အိုက်တင်က  ပေါက်ကွဲထွက်တဲ့ အိုက်တင်မျိုးတွေပါနေတယ်ဆိုတော့ ကြည့်တဲ့ပရိသတ်တွေ အားရ ကျေနပ်မယ်ထင်ပါတယ်။ ဒီကားကြီးက ရုပ်ရှင်နဲ့ ဂီတဆိုတဲ့ အနုပညာ နှစ်မျိုးကို တွဲပြီးမြင်ရမယ့် ကားမျိုးဆိုလည်း မမှားပါဘူး။

သင်ဇာဝင့်ကျော်
ဒီကားထဲမှာ  ဟေမာန် ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ် ဆောင်ထားပါတယ်။   ချစ်သူ ဖြစ်သူက     တေးရေးဆရာ တစ်ယောက်     သီချင်းလည်း ဆိုတယ် ပေါ့နော်၊ နှစ်ယောက် သား  ချစ်သူတွေထက် ပိုခဲ့တဲ့ အနေအထားအထိ  နေခဲ့ကြ တယ်။ ဘဝတွေက ထင်ထား သလို မပြည့်စုံဘူးဆိုတာသိနေတယ်။ ဒီအချိန်မှာ ကိုယ့်အပေါ်ကို အစစ အရာရာဂရုစိုက်ပြီး ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကို တွေ့ခဲ့တယ်။ အဲဒီတော့  ကိုယ်လက်တွဲရမယ့်သူက  ဦးဝေလွင်ဆိုတဲ့  အရာအားလုံး ပြည့်စုံတဲ့သူ၊ သူ့ကို ဘဝလက်တွဲဖော်အဖြစ် ရွေးခဲ့တာပေါ့၊ ကားလေးက တကယ်ကိုကောင်းတဲ့   ဇာတ်လမ်းလေးပါ။   အချစ်ဆိုတာ  တကယ့် လက်တွေ့ဘဝမှာ မပြည့်စုံရင် လျှောက်လှမ်းတဲ့ ဘဝခရီးက အဆင်မပြေ ဘူးဆိုတဲ့အကြောင်းလေးကို  ပြသထားပါတယ်။

ရတနာမိုင်
အဆိုတော် ယုယခင်ဆိုပြီး သရုပ်ဆောင်ထားပါတယ်။ ကိုနေတိုး ကလည်း အဆိုတော်တစ်ယောက်ပေါ့။ မိုင်လေးကို ကိုနေတိုးက အဆိုတော်တစ်ယောက်စစ်စစ် လိုချင်တယ်၊ ဒါကြောင့် ရိုက်ကူးပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။  ဇာတ်ကားထဲမှာ  မိုင်လေးကိုယ်တိုင် သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ် ပါပါတယ်။ ရှင်သန်ခြင်းအတွက်လို့ အမည်ပေးထားတဲ့သီချင်းလေး ဆိုထားပါတယ်။

ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment