Latest News

Tuesday, April 10, 2018

ဖျာပုံမှအခြေပြုထွက်သည့်မော်တော်ယာဉ်လိုင်းအားလုံးသင်္ကြန်အကြိုရက်မှနှစ်ဆန်းတစ်ရက်နေ့အထိရပ်နားမည်

ဖျာပုံမှအခြေပြုထွက်သည့်မော်တော်ယာဉ်လိုင်းအားလုံးသင်္ကြန်အကြိုရက်မှနှစ်ဆန်းတစ်ရက်နေ့အထိရပ်နားမည်

ဖျာပုံ  ဧပြီ  ၁၀

ဖျာပုံမှအခြေပြုလျက်ခရီးသည်နှင့်ကုန်စည်များပို့ဆောင်ပြေးဆွဲနေသည့်မော်တော်ယာဉ်အားလုံးသင်္ကြန်အကြိုရက်မှနှစ်ဆန်းတစ်ရက်နေ့အထိရပ်နားထားမည်ဖြစ်ကြောင်း"ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ၏ရုံးအဖွဲ့မှူးဦးအုန်းချိုပြောပြမှုအရဧပြီ၁၀ရက်နေ့ကသိရသည်"။

ဖျာပုံမှအခြေပြုထွက်ခွာနေသည့်မော်တော်ယာဉ်လိုင်းပေါင်း၁၉လိုင်းရှိပြီးမော်တော်ယာဉ်အစီးရေ၃၅၁စီးသည်လှိုင်သာယာ၊ဒလ၊ဟင်္သာတနှင့်မန္တလေးမြို့များသို့လည်းကောင်းlဖျာပုမြို့မှအောက်ပိုင်းပင်လယ်ကမ်းခြေရွာများသို့ပြေးဆွဲနေသည့်မော်တော်ယာဉ်လိုင်း၉လိုင်းမှမော်တော်ယာဉ်၈၈စီးတ်ု့သည်မဟာသင်္ကြန်ရက်များဖြစ်သည့်သင်္ကြန်အကြိုနေ့မှနှစ်ဆန်းတစ်ရက်နေ့အထိခရီးစဉ်များရပ်နားထားမည်ဖြစ်ကြောင်းနှင့်နှစ်ဆန်း၂ရက်နေ့မှစတင်၍ခရီးစဉ်အားလုံးပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်ပြန်မည့်ခရီးသည်တစ်ဦးကယခင်နှစ်အတွေ့အကြုံအရမော်တော်ယာဉ်လိုင်းများပြန်ဖွင့်တဲ့နှစ်ဆန်း၂ရက်ကနေ၃/၄ရက်အထိခရီးသည်များတာကိုအကြောင်းပြုပြီးမူလကားခထက်နှစ်ဆလောက်ဈေးတက်လေ့ရှိကြောင်းlဘိုကလေး-ဖျာပုံဒလ(မှန်လုံ)ယာဉ်လိုင်းကတော့ သတ်မှတ်ဈေးနှုန်းအတိုင်းပြေးဆွဲပေးခဲ့ကြောင်းပြောသည်။
ယာဉ်လိုင်းများပိတ်ထားသော်လည်းမဖြစ်မနေခရီးသွားလိုသူများအနေဖြင့်ပုံမှန်ကားစီးခထက်ပိုယူပြီးပြေးဆွဲနေသည့်ကြားကားများရှိနေမည်ဖြစ်ကြောင်းသိရသည်။    

အောင်ဝင်း-ဖျာပုံ

No comments:

Post a Comment