Latest News

Saturday, April 14, 2018

အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသစ်ပင်အားဝင်တိုက်

အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသစ်ပင်အားဝင်တိုက်

အားအံ- ဧပြီ(၁၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မုဒုံကားလမ်းတွင် အရက်သေစာသောက်စားပြီး ဆိုင်ကယ်အား အရှိန်ဖြင့်မောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ဘဲနောင်တလားကျေးရွာအနီးအရောက် လမ်းဘေးသစ်ပင်အား ဝင်တိုက်မိကာ အပြင်းအထန်ဒဏ်ရာများ ရရှိမှုဧပြီလ(၁၃)ရက်နေ့၊နံနက်ပိုင်း(၁)နာရီအချိန်ခန့်က ဖြစ်သွား ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်-မုဒုံကားလမ်းအတိုင်း နောင်တလားကျေးရွာဘက်မှလောက်ကိုင်ကျေးရွာဘက်သို့ မင်းနန္ဒကျော်၊ (၃၀)နှစ်၊ နောင်တလားကျေးရွာ၊ ကော့ကရိတ်မြို့နေသူသည် အရက်သေစာသောက်စားထားပြီး နံပါတ်မပါ Wave-Iအမျိုးအစား၊အဖြူရောင် ဆိုင်ကယ်အား အရှိန်ဖြင့်မောင်းနှင်လာစဉ် နောင်တလားကျေးရွာအနီးအရောက်အရှိန် မထိန်းနိုင်ပဲ လမ်း၏ဝဲဘက်ရှိ သစ်ပင်ငုတ်အား ဝင်ရောက်တိုက်မိလဲကျတိမ်းမှောက်ခဲ့ခြင်းကြောင့် ဦးခေါင်းနော့စေ့ဖူးရောင်၊ယာဘက်ပခုံနှင့်လက်မောင်းပွန်းပဲ့၊ သတိမရ(စိုးရိမ်ရ)ဒဏ်ရားများရရှိခဲ့၍တောင်ကြာအင်းဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

 နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment