Latest News

Saturday, April 7, 2018

စုအသက်မွေးဝမ်းကျောင်းသိပံ္ပတွင် သင်တန်းသား ၁ဝဝ ခန့် တက်ရောက်သင်ကြားလျက်ရှိ

စုအသက်မွေးဝမ်းကျောင်းသိပံ္ပတွင် သင်တန်းသား ၁ဝဝ ခန့်
တက်ရောက်သင်ကြားလျက်ရှိ

ရန်ကုန်   ဧပြီ    ၇

ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်  အမှတ်(၇) ရပ်ကွက်   စိန်ပန်းမြိုင်(၈)လမ်း၌   ဖွင့်လှစ်ထားသော စုအသက်မွေးဝမ်းကျောင်းသိပံ္ပတွင် အဋ္ဌမတန်းမှတက္ကသိုလ် ဝင်တန်းအထိ ဘာသာရပ်လေးခုကို အခမဲ့သင်ကြားပေးလျက်ရှိ ရာ သင်တန်းသား ၁ဝဝ ခန့် တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

''ဂျပန်ဘာသာ၊  အင်္ဂလိပ်ဘာသာနဲ့  ဖုန်းဆော့ဝဲလ်၊ ကွန်ပျူတာအခြေခံသင်တန်းတွေ သင်ကြားပေးနေပါတယ်၊ သင်တန်းသား ၁ဝဝ နီးပါးရှိပါတယ်၊ သင်တန်းကာလက သုံးလ ပါ၊ လာမယ့်အပတ်မှာ စက်ချုပ်သင်တန်းနဲ့ အင်္ဂလိပ်စာ အဆင့်မြင့်သင်တန်းလည်း ရှိပါတယ်၊   ကလေးတွေအတွက် ဟောပြောပွဲတွေလည်း မကြာခဏလုပ်ပါတယ်၊ တခြားနိုင်ငံ မှာ သွားလုပ်တာထက် ကိုယ့်နိုင်ငံမှာ လစာကောင်းကောင်းနဲ့ လုပ်ငန်းခွင်  ဝင်နိုင်အောင်  သင်ကြားပေးနေပါတယ်''ဟု  ကျောင်းအုပ်ဆရာမကြီး  ဒေါ်စီစီကြိုင်က  ပြောသည်။

     လှိုင်သာယာတွင် ပညာရေးနှင့် အလှမ်းဝေးနေသော လူငယ်များစွာရှိသည့်နည်းတူ  ပညာရေးတစ်ပိုင်းတစဖြင့် စက်ရုံတွင်ဝင်ရောက်လုပ်ကိုင်နေသူများ၊ အသက်မွေးဝမ်း ကျောင်း ပညာရပ်တတ်ကျွမ်းမှုမရှိသော လူငယ်များစွာရှိ၍ လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု တတ်ကျွမ်း မှုဖြင့်  ဘဝရပ်တည်နိုင်ရန်  ထိုသင်တန်းကျောင်းမှ  အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း  သိရသည်။
စုအသက်မွေးဝမ်းကျောင်းသိပံ္ပကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်      ဒေါ်အောင်ဆန်းစုကြည်၏  လမ်းညွှန်ချက်နှင့်အညီ  နိုင်ငံတော်၏ မျိုးဆက်သစ် သားသမီးရတနာတို့အား အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ချက် ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် သို့  လှူဒါန်းသောမြေကွက်တွင် နှစ်ထပ်ကျောင်း ဆောင်  ဆောက်လုပ်၍   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၃ဝ ရက်တွင် ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။          မြန်​မာ့အလင်း
                                                     

No comments:

Post a Comment