Latest News

Saturday, April 7, 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ(ဗဟို) ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ  လူငယ်ညီလာခံ(ဗဟို)  ကျင်းပ


နေပြည်တော်   ဧပြီ   ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) ကို  ယနေ့နံနက် ၈ နာရီတွင်  နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌  ကျင်းပသည်။

တက်ရောက်
ညီလာခံသို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်များ၊ ဗဟို အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊  တိုင်းဒေ သကြီးနှင့်ပြည်နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဗဟိုညီလာခံကိုယ်စားလှယ်များနှင့် ဖိတ် ကြားထားသူများ  တက်ရောက်ကြသည်။

အမှာစကားပြောကြား
ညီလာခံတွင်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် က သဘာပတိအဖြစ်ဆောင်ရွက်သည်။
ထို့နောက် သဘာပတိဦးဝင်းထိန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ  မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်တို့က  အမှာ စကားပြောကြားကြသည်။
ညီလာခံစာတမ်း ဖတ်ကြား
ယင်းနောက်  ဒုတိယအကြိမ်  နိုင်ငံ လုံးဆိုင်ရာ လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ   ဦးမောင်မောင်ဦး က လူငယ်ညီလာခံစာတမ်းကို  ဖတ်ကြား သည်။
ရွေးချယ်သွားမည်
ညီလာခံတွင်   ဒုတိယအကြိမ် နိုင်ငံ လုံးဆိုင်ရာ   လူငယ်ညီလာခံ (ဗဟို) လူငယ်လုပ်ငန်းအဖွဲ့ဝင်တာဝန်ခံ၊ တွဲဖက် တာဝန်ခံ၊ စည်းရုံးရေးမှူး  ရေးရာမှူး၊ အုပ်ချုပ်ရေးမှူး  ရေးရာမှူး၊  ဘဏ္ဍာ ရေးမှူး ရေးရာမှူး၊ သတင်းပြန်ကြားရေး ရာမှူး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးရာမှူး၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေးရာမှူးနှင့်  လူထုလူတန်းစားရေးရာ မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်ကျင်းပနိုင်ခဲ့
''၁၉၈၈ခုနှစ်ကတည်းက ကျွန်တော် တို့ပါတီက    ဒီမိုကရေစီပါတီဖြစ်တဲ့         အတွက်အခွင့်အခါသင့်တိုင်းမှာ     ကျင်းပ ဖို့ ကျွန်တော်တို့ခေါင်းဆောင် အမေ                ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့ တယ်၊ ၁၉၈၉  ခုနှစ်မှာတစ်ကြိမ် ကြိုးစား ခဲ့သေးတယ်၊ အဲဒီမှာ  နိုင်ငံလုံးဆိုင်ရာ          ညီ လာခံအဆင့်ပြီးမြောက်အောင် မလုပ် နိုင်ခဲ့ဘူး၊ အမေစုရဲ့အိမ်မှာပဲ နိုင်ငံလုံး          ဆိုင်ရာ လူငယ်တွေ့ဆုံပွဲ  အဆင့်ကိုပဲ ပြုလုပ်နိုင်ခဲ့တယ်၊    အဲဒီကနေ ၂ဝ၁၄ ခုနှစ်မှာ ပထမအကြိမ်  နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို   ကျင်းပနိုင်ခဲ့တယ်၊ အဲဒီတုန်းက  လူငယ်အဖွဲ့ဝင် အင်အား တစ်သိန်းခွဲကျော်နဲ့  ကျင်းပနိုင်ခဲ့တယ်၊ အခုဒုတိယအကြိမ်ညီလာခံကတော့ ပြီးခဲ့ တဲ့ လူငယ်ညီလာခံကနေ ရွေးကောက်ပွဲ ကာလဖြတ်သန်းတဲ့အခါ  လူငယ်တော် တော်များများ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကုန်တာလည်းပါတယ်၊  အချို့လည်း အစိုးရအဖွဲ့ဝင်    ဖြစ်ကုန်တာလည်း            ပါတယ်၊  ဒါ့ကြောင့်  လူငယ်အဖွဲ့ဝင်           အားလျော့နည်းလာတယ်လို့ ဆိုနိုင်ပါ တယ်၊  ဒါ့ကြောင့်  ပါတီဗဟိုအလုပ်အမှု ဆောင်ဗဟိုကော်မတီ အစည်းအဝေး ကနေ ဒုတိယအကြိမ်   လူငယ်ညီလာခံ ကျင်းပဖို့ ဆုံးဖြတ်တဲ့အတွက်  ဒီဒုတိယ အကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကို ကျင်းပရတာ ဖြစ်ပါတယ်'' ဟု ဒုတိယ အကြိမ်နိုင်ငံလုံးဆိုင်ရာလူငယ် ညီလာခံ  ကျင်းပရေးဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင် မောင်ဦးက ပြောကြားသည်။

တာဝန်ခွဲဝေသွားမှာဖြစ်
လူငယ်ညီလာခံ  ကိုယ်စားလှယ်  ရွေးချယ်ရေးအပါအဝင် တာဝန်ခွဲဝေ သတ်မှတ်မည့် အစီအစဉ်များကိုလည်း ¤င်းက ဆက်လက်ရှင်းပြရာ  '' ပထမ အကြိမ်လူငယ်ညီလာခံတုန်းက လူငယ် အဖွဲ့ဝင်စုဆောင်းတဲ့အခါ  အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အောက်လို့ သတ်မှတ် ပါတယ်၊ ဒုတိယအကြိမ်မှာတော့ အသက် ၁၆ နှစ်က နေ ၃ဝ အောက်ဖြစ်ပါတယ်၊ ဒါတွေက အမေဒေါ်အောင်ဆန်းစုကြည် ချပေးထားတဲ့မူ   ဖြစ်ပါတယ်၊  ပထမ အကြိမ်ကတည်းက အမေစုက အသက် ၃ဝ အောက်ကိုပဲ  လုပ်စေချင်ပါတယ်၊  ဒါ့ကြောင့် ပထမအကြိမ်တုန်းက အသက် ၁၆ နှစ်ကနေအသက် ၃၅ နှစ်အောက် ဖြစ်ပြီး အခုဒုတိယအကြိမ်မှာ အသက် ၁၆ နှစ်ကနေအသက် ၃ဝ အောက် လူငယ် တွေနဲ့  ညီလာခံကိုကျင်းပတာ ဖြစ်ပါတယ်၊  အခုညီလာခံကျင်းပဖို့  အချိန် ၈ လ လောက်ပဲရပါတယ်၊   အချိန်ကလည်း တိုတောင်းတဲ့အတွက်  လူငယ်အဖွဲ့ဝင် အင်အား ခုနစ်သောင်းခွဲကျော် စုဆောင်း မိပါတယ်၊  အဲဒီမှာ မြို့နယ်အဆင့်၊ ခရိုင် အဆင့်နဲ့  တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်ညီလာခံ ကိုယ်စားလှယ်ရွေးချယ် ပွဲတွေ  လုပ်ပါတယ်၊  အခုဗဟိုအဆင့် ဖြစ်ပါတယ်၊ အဆင့်ဆင့်သော ညီလာခံ တွေပြီးသွားတဲ့အခါ လူငယ်မျိုးဆက်သစ် ခေါင်းဆောင်ပေါင်း ခုနစ်သောင်းခွဲကျော် ထဲကနေ ငါးထောင်ကျော်မွေးထုတ်နိုင်ခဲ့ ပါတယ်၊ ဒီဗဟိုအဆင့်မှာဆိုရင်  တိုင်း ဒေသကြီးနဲ့   ပြည်နယ်အဆင့်တွေက ရွေးချယ်စေလွှတ်လိုက်တဲ့   လူငယ်မျိုး ဆက်သစ်ခေါင်းဆောင် ၂၆၂ ဦးတက် ရောက်ပါတယ်၊ နံနက်ပိုင်းမှာ  ဗဟိုလူငယ် ဦးဆောင်အဖွဲ့ ၆၅ ဦးရွေးချယ်ပါတယ်၊ အဲဒီကနေ  နောက်ဆုံးဆန်ခါတင် ဗဟို လူငယ် ၁၅ ဦးကို ပြန်ရွေးချယ်မှာဖြစ်ပါ တယ်၊  အဲဒီ ၁၅ ဦး အချင်းချင်းညှိနှိုင်း ဆွေးနွေး၍  သော်လည်းကောင်း  မဲခွဲ ဆုံးဖြတ်၍သော်လည်းကောင်း   တာဝန် တွေခွဲဝေသွားမှာပါ၊ တာဝန်ခံ၊ တွဲဖက် တာဝန်ခံ၊ ဘဏ္ဍာရေးမှူး၊ စည်းရုံးရေး မှူးစတဲ့ ဆပ်ကော်မတီတွေကို တာဝန် တွေခွဲဝေသွားမှာ ဖြစ်ပါတယ်၊ ဒီညီလာခံ ပြီးသွားရင် အဲဒီလူငယ်ခေါင်းဆောင် တွေ ကနေ လူငယ်ထုဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူငယ်ထုစည်းရုံးရေး  လုပ်ငန်းတွေ အထူးသဖြင့်   ရွေးကောက်ပွဲကြေညာ စာတမ်းမှာပါတဲ့ လူငယ်ဆိုင်ရာကိစ္စရပ် တွေကို  ဆက်လက်ဦးဆောင်သွားကြမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ လူငယ်ရေးရာ တာဝန်ခံဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ လူငယ်တွေဟာ အမေ ချမှတ်ပေးတဲ့  လမ်းစဉ်တွေကို အောင်မြင် အောင်  ဆက်လက်အကောင်အထည်            ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု  ပြောကြားသည်။        
 
မောင်ဖိုးဇော်(ကလေးဝ)

No comments:

Post a Comment