Latest News

Tuesday, April 24, 2018

အာဆီယံ ထိပ်သီး အစည်းအဝေး အတွက် ဦးဝင်းမြင့် ကို ပွဲထုတ်ပြီ

အာဆီယံ ထိပ်သီး အစည်းအဝေး အတွက် ဦးဝင်းမြင့် ကို ပွဲထုတ်ပြီ

ယခု သီတင်းပါတ် အကုန်တွင် စင်္ကာပူတွင် ကျင်းပရန် ရှိသည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ အဏာရချိန်မှစပြီး မပျက်မကွက် တက်ရောက်နေကျ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်ပဲ သမ္မတကြီး ဦးဝင်းမြင့် တက်ရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုင်တွယ်စရာ ကိစ္စ အများ အပြားရှိနေ၍ တိုင်းပြည်နှင့် ကင်းကွာ၍ မဖြစ်သောကြောင့် ဟု ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်း က ပြောပါတယ်။

အချို့ကလည်း ပြီးခဲ့သည့် သြစတေးသျှ- အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား နယ်စပ်ရှိ ဘင်္ဂါလီ များ အရေး အတွက် အတင်းအကျပ် ဖိအား ပေးခဲ့တာကို ရှောင်ရှားလို၍ ဖြစ်မယ်လို့ ထင်ကြေးပေးနေခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည် အုပ်ချုပ်ရေး နှင့် နိုင်ငံတကာ ဆက်ဆံရေး များ အတွက် စတင် တာဝန် ခွဲဝေနေပြီ ဖြစ်တယ်ဆိုတာ တော့ ထင်ရှားလှပါတယ်။

နောက်လတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ရန် ရှိနေပြီး ရခိုင်ပြည်နယ် အတွင်း သွားရောက် ကြည့်ရှု့ဖို့ ရှိနေတဲ့ အတွက် သံတမန် ရေး အရ မြန်မာနိုင်ငံ မှ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အင်မတန် မှ အရေးကြိးလှတဲ့ ခရီးစဉ် ဖြစ်နေတယ်လို ဒေါ်အောင်ဆန်းစုကြည်မှ ယူဆထားပုံ ရှိပါတယ်။

၎င်းကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ဧပြီ ၂၆ မှာ စတင်မယ့် ဘင်္ဂလားဒေ့ရှ် ခရီးစဉ် အပြီး မြန်မာနိုင်ငံ ကို ဧပြီလ ကုန် မှာ ရောက်ရှိလာမှာ ဖြစ်တဲ့ အတွက် တရားခံပြ ရှေ့နေ တယောက်ရဲ့ အပြီးသတ် လျှောက်လှဲချက် လို အရေးပါလှပါတယ်။

ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ကတော့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ နဲ့ အလှည့်ကျ အဖွဲ့ဝင် များ ဖြစ်တဲ့ ဘိုလစ်ဗီယား၊ အိုင်ဗရီ ကိုစ်၊ အီကွေတိုနီရဲ ဂီနီ၊ အီသီယိုပီယား၊ ကာဇတ်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ နှင့် ဆွီဒင်တို့ ဖြစ်ပါတယ်။

ထွက်ပေါ်လာမယ့် ရလာဒ်က မည်သို့မှန်း မသိရသေးပေမယ့် မြန်မာ အဖို့ အတတ်နိုင်ဆုံး ပြင်ဆင် ထားရန် ရှိနေပြီး အမှား လုံးဝ မခံမယ့် ပွဲလည်း ဖြစ်တဲ့ အတွက် ဒီတာဝန်ကို ကြီးကြပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မရှိ ဖြစ်ပါတယ်။

ပထမ အကြိမ် ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ၀ ကိုယ်စားလှယ် အဖွဲ့ ထ ပြန်သွားအောင် ဖြစ်ခဲ့ရတဲ့ အောက်ခြေ အမှားမျိုး ကိုလည်း သူမအနေနဲ့ မေ့ပျောက်လို့ ရမည်လည်း မဟုတ်ပေ။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းအေးအေး ထား ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒ အောက်မှာ မရှုနိုင် မကယ်နိုင် ဖြစ်လာနေပြီး နှစ်ကုန်မှာ ရွေးကောက်ပွဲလည်း ရှိနေပြန်ပါတယ်။ ထို့အတွက် ၎င်းတို့ လာရောက်စဉ်အတွင်း မိုး သဲကြီးမဲကြီး ရွာရန် ဆုတောင်းနေမှာလည်း ဧကန်မုချ ဖြစ်ပါတော့တယ်။

လှစိုး​ဝေ

No comments:

Post a Comment