Latest News

Tuesday, April 24, 2018

ညောင်လေးပင်မြို့လျပ်စစ်ပစ္စည်းအရောင်းဆိုင်ဖောက်ထွင်းခံရပြစ်မူကျူးလွန်သူများအားနာရီပိုင်းအတွင်းဖမ်းဆီးရမိ

ညောင်လေးပင်မြို့လျပ်စစ်ပစ္စည်းအရောင်းဆိုင်ဖောက်ထွင်းခံရပြစ်မူကျူးလွန်သူများအားနာရီပိုင်းအတွင်းဖမ်းဆီးရမိ

          ညောင်လေးပင် ဧပြီ   ၂၃    
                               
          ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ် မြို့ မ ၄ ရပ်ကွက်၌ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ကလျှပ်စစ်ပစ္စည်းအရောင်း ဆိုင်မှ ဖုန်းနှင်ဆက်စပ်ပစ္စည်းများဖောက်ထွင်းခိုးယူခံရသဖြင့်ပြစ်မူကျူးလွန်ူသူများအားရဲတပ်ဖွဲ့ ဝင်များနှင့်တာဝန်သိပြည်သူများပူးပေါင်းဆောင်ရွက်နိင်မူကြောင့် နာရီပိုင်းအတွင်းဖမ်းဆီးနိင်ခဲ့ကြောင်းသိရသည်။

          ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ မြို့မ (၄)ရပ်ကွက် မန္တလေးလမ်းရှိ "လေလှိုင်း" လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်မှ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်း၌ ဆိုင်ဖွင့်မည်ပြုစဉ် ဆိုင်၏ အနောက်ဘက် သံတံခါးမှာပွင့်နေပြီး ဖုန်းများ၊ဖုန်းငွေဖြည့်ကဒ်များ၊ ငွေစက္ကူ ရောရာ နှင့်  လျှပ်စစ်ပစ္စည်းများ ပျောက်ဆုံးနေသဖြင့်ဆိုင်ပိုင်ရှင်ဒေါ်မြင့်မြင့်အေးမှ  ညနေ (၄)နာရီခွဲခန့်တွင် မြို့မရဲစခန်း၌ ပျောက်ဆုံးပစ္စည်း စာရင်းနှင့် တိုင်ကြား ခဲ့ရာ မြို့မရဲစခန်းက (ပ)၁၉၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၃၈၀  ဖြင့် အမှုဖွင့်ကာစုံစမ်းခဲ့သည်။

        ညောင်လေးပင်မြို့ မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဌေးဝင်းဦးဆောင်၍ရဲတပ်ဖွဲ ဝင်များသည်အခင်းဖြစ်နေရာအားသွားရောက်စစ်ဆေးခဲ့ရာCCTV တပ်ထားတဲ့အတွက် CCTV မှတ်တမ်းများအရ  ပြစ်မူကျူးလွန်သူနှစ်ဦး၏ပုံရိပ်များကိုတွေ့ ရှိခဲ့ရပြီး  နယ်ထိန်းတပ်ဖွဲဝင်များကဆက်လက်စုံစမ်းရာ ဧပြီလ၂၃ရက်နေ့  နေ့ ခင်းဘက်အချိန်လူငယ်နှစ်ဦးဖုန်းအသစ်များကိုင်တွယ်သုံးဆွဲနေသည်ဆိုသောသတင်းရအရ တာဝန်မှူး နှင့် နယ်ထိန်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်နိင်မူကြောင့်ပြစ်မူကျူးလွန်သူများဖြစ်ကြသောနေမျိုးအောင်(၁၇)နှစ် နှင့်သန့် ဇင်အောင့်(၁၆ )နှစ်ညောင်လေးပင်မြို့ နယ် ကြိုးကြာကွင်ကျေးရွာနေသူတို့ အားငွေကျပ်သိန်းလေးဆယ်ကျော်တန်ဘိုးရှိဖောက်ထွင်းခိုးယူသွားသောပစ္စည်းများနှင့်အတူလက်ဝယ်တွေ့ ရှိသဖြင့်ဖမ်းဆီးသိမ်ဆည်း နိင်ခဲ့သည်။

           သို့ ပါ၍ပြစ်မူကျူးလွန်သူများအားညောင်လေးပင်မြို့ မရဲစခန်းက ဆက်လက်စစ်ဆေးကာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
                   နေလင်း(ညောင်လေးပင်)မြန်​မာ့အလင်း

No comments:

Post a Comment