Latest News

Saturday, April 7, 2018

မြောင်းမြမြို့တွင် ပြည်သူများ သွားလာမှုအဆင်ပြေစေရေး ပြည်တွင်း ရေကြောင်းမှ အားဖြည့်ပြေးဆွဲပေး

မြောင်းမြမြို့တွင် ပြည်သူများ သွားလာမှုအဆင်ပြေစေရေး ပြည်တွင်း
ရေကြောင်းမှ အားဖြည့်ပြေးဆွဲပေး

မြောင်းမြ     ဧပြီ       ၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်မြောင်းမြမြို့ရှိ     မြောင်းမြမြစ်ကူး ကြိုးတံတားကြီးသည် ၂ဝ၁၈ ခုနှစ်  ဧပြီ   ၁ ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်ခန့်က မြောင်းမြမြစ်အတွင်းသို့ ပြတ်ကျသွားမှု ဖြစ်စဉ်ကြောင့်    လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမှု  မရှိစေရေးအတွက် ပြည်တွင်း     ရေကြောင်းပို့ဆောင်ရေး         က   ကူးတို့လမ်းများ  ပြေးဆွဲပေးရန် ဆောင်ရွက်လျက်ရှိရာ  ကနဦးအနေ       ဖြင့်  မြောင်းမြမြို့တွင်  ပိတ်မိနေသော မော်တော်ယာဉ်များအား ဧပြီ ၃ ရက် တွင်  ဌာနပိုင် ဇက်  ၁၁၂  ရေယာဉ်ဖြင့် တစ်ဖက်ကမ်းသို့ သယ်ယူပို့ဆောင်ပေး လျက်ရှိသည်။

''ပြည်တွင်းရေကြောင်း  ဦးဆောင် ညွှန်ကြားရေးမှူး       အစီအစဉ်နဲ့ တောသူမယ်  ကူးတို့ယာဉ်နဲ့ ဇက် ၁ဝ၇ ရေယာဉ်တို့ကို  အားဖြည့်ဆောင်ရွက် ထားပါတယ်၊   တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့   ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့ အခမဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်''ဟု မြောင်းမြ မြို့  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မန်နေဂျာ ဦးညီညီစန်းက ပြောသည်။

မြောင်းမြမြို့မှ မြောင်းမြ တစ်ဖက် ကမ်း    ကွယ်လွယ်ဆိပ်ကမ်းသို့ လူစီး     ကူးတို့လမ်း ပြေးဆွဲရန်အတွက် T/S  အမျိုးအစား နှစ်ထပ်ရေယာဉ်ဖြစ်သည့် တောသူမယ်ရေယာဉ်နှင့်   မြောင်းမြ တစ်ဖက်ကမ်း   ကွယ်လွယ်ဆိပ်ကမ်း နေရာတွင် ဆိပ်ခံဗောအဖြစ်  အသုံးပြု မည့် ဆိပ်ခံတွဲ  တ-၂၅ဝ၉ တွဲယာဉ်အား အတူတွဲ၍    ဧပြီ ၇ ရက်  ညနေက မြောင်းမြမြို့သို့    ရောက်ရှိလာပြီး လောလောဆယ်တွင် ဆိပ်ခံတွဲအား ကွယ်လွယ်ကျေးရွာ  ပြည်တော်သာ တံတား၌    အခြေချ ဆောင်ရွက်နေ ကြောင်းသိရပြီး  မကြာမီ ကူးတို့ရေယာဉ် ဖြင့် ခရီးသွားများအဆင်ပြေရန် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''အခုလောလောဆယ်မှာ အိမ်စီး ကားတွေနဲ့   ခရီးသည်ပို့ဆောင်ရေး ကားတွေအတော်များများ  ကွယ်လွယ် ဘက်ကမ်းကို   ပို့ဆောင်ပေးထားပြီး                   ပါပြီ၊   အခက်အခဲတော့  ရှိနေမှာပါ၊ အသားကျသွားရင် အားလုံး အဆင်ပြေ သွားမှာပါ''ဟု မြောင်းမြမြို့ဘက်ကမ်း ပြန်ကြားရေးရုံးရှေ့တွင်   မော်တော် ယာဉ်များ   ဇက်ကူးနိုင်ရေး  စေတနာ့ ဝန်ထမ်း ကူညီဆောင်ရွက်ပေးနေသူ ဦးစိုးစိုးက ပြောကြားသည်။

                အောင်မင်း ( မြောင်းမြ)

No comments:

Post a Comment