Latest News

Wednesday, April 4, 2018

ခရီးသွားများ အဆင်ပြေရေး မြောင်းမြဘက်ကမ်းသို့ ဇက်ရေယာဉ် စတင်ပြေးဆွဲပေးနေ

ခရီးသွားများ အဆင်ပြေရေး မြောင်းမြဘက်ကမ်းသို့ ဇက်ရေယာဉ် စတင်ပြေးဆွဲပေးနေ

မြောင်းမြ      ဧပြီ   ၎


      မြောင်းမြကြိုးတံတား ပြတ်ကျအပြီး လေးရက်အကြာ ဧပြီ ၄ ရက်ကစ၍ မြစ်ကိုဖြတ်ကူး ရန် ဇက် ရေယာဉ် တစ်စီးဖြင့် ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ပြေးဆွဲပေးနေပြီဖြစ်သည်။

            အိမ်စီးမော်တော်ယာဉ်ငယ်များနှင့် ကားအလတ်များကို ဦးစားပေး သယ်ဆောင် ကူးပို့ပေးလျှက်ရှိပြီး ဧပြီ ၅ ရက်နေ့တွင်လည်း ဇက်ရေယာဉ် ၃ စီးဖြင့် မော်တော်ယာဉ်များကို သယ်ယူ ပို့ဆာင် ပေးသွားမည်ဖြစ်ကာ လောလောဆယ်တွင် ဇက်ကူးမှုအတွက် အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

       ဇက်ဆိပ် အကြီးကို အမြန်ဆုံးအကောင်အထည်ဖေါ်နေသလို ကျွန်တော်တို့ လူငယ်အဖွဲ့တွေက လည်း ဒီဘက်အခြမ်းမှာ ဆိုင်ကယ်တွေ l ခရီးသွားပြည်သူတွေ အမြန်ဆုံးသွားလာလို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ် l ဒါကလည်း အခမဲ့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ် ဟုစေတနာ့ဝန်ထမ်းကူညီဆောင်ရွက်ပေးသူ ဦးလင်းလင်းက ပြောသည်။

         ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစေရေးအတွက် မြောင်းမြမြို့ လူမှုကူညီရေးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကလည်း ဇက်အသေး (ဒေသအခေါ်)ဂေါ် များဖြင့် ကွယ်လွယ်ဘက်ကမ်း ဇက်ကူးဆိပ်နှင့် မြောင်းမြဘက်ကမ်း ခရိုင်ပြန်ကြားရေးရုံးရှေ့ ဇက်ကူးဆိပ်သို့ ခရီးသွားများနှင့် မော်တော်ဆိုင်ကယ်များကို အခမဲ့ ကူညီပို့ဆောင်ပေးလျှက်ရှိသဖြင့် ယခုအခါ အခက်အခဲများ လျှော့ပါးလာပြီဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှသိရသည်။

         အောင်မင်း (မြောင်းမြ)

No comments:

Post a Comment