Latest News

Sunday, April 8, 2018

အိမ်မဲမြို့နယ်တွင် မီးလောင်ပြာပုံအတွင်း သတ်ဖြတ်မီးရှို့ ထားသည့် လူသေအလောင်း ၁ လောင်းတွေ့ရှိ

အိမ်မဲမြို့နယ်တွင် မီးလောင်ပြာပုံအတွင်း သတ်ဖြတ်မီးရှို့ ထားသည့် လူသေအလောင်း ၁ လောင်းတွေ့ရှိ

အိမ်မဲ၊ ဧပြီ ၈ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သင်တောကျေးရွာ အရှေ့ဘက်လယ်ကွင်း၌ မီးလောင်ထားသော ကောက်ရိုးပြာပုံ အတွင်းမှ သတ်ဖြတ်မီးရှို့ထားသည့် အလောင်းတလောင်းကို
ဒေသခံရဲတပ်ဖွဲ့ဝင်များက ၂၀၁၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရသည်။

အိမ်မဲမြို့နယ် သင်တောကျေးရွာ အရှေ့ဘက် လယ်ကွင်းအတွင်း မီးလောင်ထားသော ကောက်ရိုးပြာပုံအတွင်းမှ အပုပ်နံ့ရကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ဆင်ဆိပ်ကျေးရွာနေ ဦးတင်ထွန်း၏လယ်ကွက် အတွင်း မီး လာင်ထားသောကောက်ရိုးပြာပုံ၌ ကျား/မခွဲခြားမရဘဲ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ တစ်စစီ ဖြစ်ကာ ခြေလက်အရိုးအပိုင်းအစ များသာတွေ့ရှိရသည့် မီးလောင်ထားသော အလောင်း ၁ လောင်းအား စောင်အဟောင်းတစ်ထည်ဖြင့်ပတ်ထားသည်ကို
တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သတ်၍ မီးရှို့သတ်ဖြတ်သွားသူ (စိစစ်ဆဲ) အား အိမ်မဲမြို့မရဲစခန်းက (ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် စုံစမ်းလျက်ရှိပြီး တရာခံဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့ဝင်များက နီးစပ်ရာ ကျေးရွာများတွင် သတင်းစုံစမ်းမှုများပြုလုပ်လျက်ရှိကြောငိး သိရှိရသည်။

ဓာတ်ပုံ - အရှင် ကုသလ (အိမ်မဲ)
တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment