Latest News

Sunday, April 8, 2018

ဂုတ်တွင်းအဆင်း ရွှေကြော၌ အပ်ချုပ်စက်များတင်ဆောင်လာသည့် ၁၂ ဘီးတွဲယာဉ်တိမ်းမှောက်

ဂုတ်တွင်းအဆင်း ရွှေကြော၌ အပ်ချုပ်စက်များတင်ဆောင်လာသည့်
၁၂ ဘီးတွဲယာဉ်တိမ်းမှောက်

သီပေါ     ဧပြီ   ၈

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကျောက်မဲနှင့် နောင်ချိုမြို့နယ်ကြားရှိ ဂုတ်တွင်းကားလမ်း မိုင်တိုင်အမှတ်(၈၄/၂-၃)ကြားတွင် ဧပြီ ၈ ရက် နံနက် ၅နာရီခွဲက အပ်ချုပ်စက်နှင့် စက္ကူလိပ်များ တင်ဆောင် လာသော မူဆယ်မှ မန္တလေးဘက်သို့ ဆင်းမည့်ယာဉ်မောင်း နေထက်လင်းမောင်းနှင်သည့် 9J/--- ၂၂ ဘီးယာဉ်မှာ လေအိတ် ပေါက်ပြီး ဂုတ်တွင်းအဆင်းကွေ့ကြောတွင် လမ်းယာဘက်သို့ တိမ်းမှောက်သွားသဖြင့် ယာဉ်ကြောပိတ်ကာ မန္တလေး-လားရှိုး-မူဆယ်သွား မော်တော်ယာဉ်များ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ အမှတ်(၁၂ဝ)ယာဉ်ထိန်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်မဲ)မှ ဒုရဲမှူး ကျော်ကျော်ထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဂုတ်တွင်းနယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ နောင်ပိန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယာဉ်ကြောအမြန်ပွင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရာ ယာဉ်ငယ်များသွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြီးများ ဆက်လက်သွားလာနိုင်ရန် အချိန်နှင့်တပြေးညီ ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။

စိုင်း(သီပေါ)

No comments:

Post a Comment