Latest News

Thursday, April 19, 2018

ဧရာဝတီတိုင်းတွင် သင်္ကြန်ကာလအတွင်း ယမန်နှစ်ကထက်မှုခင်း လျော့နည်း ကျဆင်းခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့

ဧရာဝတီတိုင်းတွင် သင်္ကြန်ကာလအတွင်း ယမန်နှစ်ကထက်မှုခင်း လျော့နည်း ကျဆင်းခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့

ပုသိမ်၊ ဧပြီ ၁၉ ရက် ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သင်္ကြန်ပွဲတော်
၎ ရက်တာ ကာလအတွင်း မှုခင်းဖြစ်ပွားမှုမှာ ယမန်နှစ်ထက် လျော့နည်းကျဆင်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်မှ "ဒီနှစ်သင်္ကြန်ကာလမှာ မှုခင်းဖြစ်ပွားမှု ၁၀ မှုရှိခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့တယ်။ လူသေတာက
သင်္ကြန်အကြိုနေ့မှာ မြန်အောင်က ကလေးငယ်တဦး ထော်လာဂျီကြိတ်မိလို့ သေဆုံးတာရယ် ဝါးခယ်မက လူငယ် ၂ ဦး ရေဆင်းကူးရင်း ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်။ ခိုက်ရန်ဖြစ်ပွားလို့ လူသေဆုံးတာ လုံးဝ မရှိခဲ့ဘူး။ မှုခင်းဖြစ်ပွား
မှုမှာလည်း ယခင်နှစ်များထက် လျော့နည်း
ကျဆင်းခဲ့ပါတယ်"ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိပြီး ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတွင် မှုခင်း ၁၉ မှု၊ ၂၀၁၇ ခုနှစ်တွင် ၁၁ မှု ဖြစ်ပွားခဲ့ရာ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်ပွားမှု
အနည်းဆုံးသင်္ကြန်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်း၌ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၄၄ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်း၊​ဓာတ်ပုံ - တန်ခူး

No comments:

Post a Comment