Latest News

Monday, April 23, 2018

မောင်တောဒေသ မြေပြင်အခြေအနေ သတင်းရယူရန် ပြည်တွင်းပြည်ပမှသတင်းမီဒီယာများ စစ်တွေမြို့ရောက်ရှိ

မောင်တောဒေသ မြေပြင်အခြေအနေ သတင်းရယူရန် ပြည်တွင်းပြည်ပမှသတင်းမီဒီယာများ စစ်တွေမြို့ရောက်ရှိ

စစ်တွေ ဧပြီ ၂၃

ရခိုင်ပြည်နယ်   မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် အခြားကိစ္စ ရပ်များအား မြေပြင်ကွင်းဆင်းသတင်းရယူရန် ပြည်တွင်းသတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာသမားများသည် ယနေ့ညနေ ၅ နာရီ ၁ဝ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့်  စစ်တွေမြို့ သို့  ရောက်ရှိကြသည်။

သတင်းမီဒီယာအဖွဲ့တွင်MNA ၊ MRTV၊MITV၊ TBS၊TV Asahi၊ CRI၊ Xinhua၊ AFP၊ VOA၊BBC၊The Mainichi Newspaperနှင့် RFAသတင်းဌာနတို့မှ သတင်းသမားစုစုပေါင်း ၁၃ ဦးပါဝင်ကြသည်။

 သတင်းမီဒီယာအဖွဲ့သည် ဧပြီ  ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့  ကွင်းဆင်းသတင်းရယူကြ မည်ဖြစ်ကြောင်း သိရှိရသည်။  

မျိုးမြင့်၊ ဓာတ်ပုံ-ဟန်လင်းနိုင်

No comments:

Post a Comment