မှိုဝင်ချောင်းဝကင်းစခန်းအနီး၌ နေရပ်စွန့်ခွာရောက်ရှိသူများအား
၎င်းတို့၏ နေရပ်သို့ ချောမောစွာ ပြန်လည်ပို့ဆောင်
မောင်တော ဧပြီ ၂၃
ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာ နေ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ခုနစ်စုမှအမျိုးသား၂၁ ဦး၊ အမျိုးသမီး၂၅ ဦး စုစုပေါင်း ၄၆ ဦးသည် တစ်ဖက် နိုင်ငံသို့ ထွက်ခွာရန် မောင်တောမြို့နယ် မှိုဝင်ချောင်းဝ ကင်းစခန်းအနီး၌ နေရပ် စွန့်ခွာရောက်ရှိလာကြပြီး ¤င်းတို့၏ သဘောဆန္ဒအရ နေရပ်သို့ ပြန်သွားလို ကြောင်း သက်ဆိုင်ရာဌာနအဖွဲ့အစည်း များသို့အကြောင်းကြား သတင်းပို့လာ ခဲ့ကြောင်း သိရသည်။
ထိုသို့ သတင်းပေးပို့မှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ မောင်တော ခရိုင် ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင် ကြီး၊ မောင်တောမြို့နယ်၊ မြင်းလွတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းတို့က ¤င်းတို့အား သွားရောက်တွေ့ဆုံကာ အိမ်ထောင်စုအလိုက် ရိက္ခာဆန်များ အား လတ်တလောထောက်ပံ့ပေးအပ် ခဲ့ပြီး နေရပ်စွန့်ခွာသူများအား မောင် တော - ဘူးသီးတောင် ကားလမ်းအတိုင်း ပြန်လည်ခေါ်ဆောင်ကာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း အမှတ် (၁ဝ)နယ်မြေစခန်း၌ ရသေ့ တောင်မြို့နယ်မှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက စောင့်ကြို၍ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီး စက်လှေ ဖြင့် ¤င်းတို့၏ နေရပ်သို့ ချောမောစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ခရိုင် ( ပြန်/ဆက် )
Monday, April 23, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment